ဆိုးရယ်ဂျီနဲ့ပတ်သက်ပြီး မဟုတ်မမှန် မှတ်ချက်ပေးသူတွေကို အရေးယူမယ်လို့ အေဂျင်စီကြေညာ

မင်းသမီး ဆိုးရယ်ဂျီ

တောင်ကိုရီးယားမင်းသမီး ဆိုးရယ်ဂျီရဲ့အေဂျင်စီဖြစ်တဲ့ Sublime Artist Agency က မင်းသမီးနဲ့ပတ်သက်ပြီး မဟုတ်မမှန် သတင်းလွှင့်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ဇန်နဝါရီလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ကြေညာချက်မှာ အေဂျင်စီက “ကျွန်ုပ်တို့ရဲ့မင်းသမီး ဆိုးရယ်ဂျီနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အကြောင်းအရာ ရေးသားသူ တွေကြောင့် မင်းသမီးဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ရှိလာနေတာကြောင့် မဟုတ်မမှန်ပြောဆိုတဲ့ ပို့စ်များ၊ မှတ်ချက်များ ရေးသားပြောဆိုကြသူတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အေဂျင်စီက အွန်လိုင်းအသိုင်းအဝိုင်း၊ ဆိုရှယ်မီဒီယာပလပ်ဖောင်းများနဲ့ ပေါ်တယ်ဆိုက်များပေါ်က အန္တရာယ်ရှိ ပို့စ်တွေကို စောင့်ကြည့်တဲ့ သီးသန့်အဖွဲ့လည်း ဖွဲ့စည်းထားကြောင်း၊ မဟုတ်မမှန် သတင်းလွှင့်သူ လူပေါင်း ၁၃၀ ခန့်ကို လက်ရှိ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ဆိုပါတယ်။
လက်ရှိလည်း အန္တရာယ်ရှိ ကောလာဟလပို့စ်တွေနဲ့ မှတ်ချက်တွေကို ဆက်လက်စောင့်ကြည့်မှာဖြစ်ပြီး သက်ညှာမှုမရှိဘဲ ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီးဆိုးရယ်ဂျီဟာ “It’s Ok not to be Ok” ဒရာမာဇာတ်ကားနဲ့ ပရိသတ် စိတ်ဝင်စားမှုကို ရခဲ့ပေမဲ့ ကျောင်းတုန်းက အတန်းဖော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် နာမည်ပျက်ကာ နှစ်အနည်းငယ်ကြာ ပရိသတ်ရှေ့က ပျောက်နေခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်ပါတယ်။

Source : celebconfirmed.com

#ဆိုးရယ်ဂျီ #SublimeArtistAgency #အေဂျင်စီ #အရေးယူ #ItsOknottobeOk

Leave a Reply

Your email address will not be published. Required fields are marked *