တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope ၏ သီချင်းအသစ်သည် လာမည့်မတ်လတွင် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသီချင်းထွက်ရှိမှုသည် (၂၀၂၄)ခုနှစ် အောက်တိုဘာလ(၁၇)ရက်တွင် J-Hope ၏ စစ်မှုထမ်းကာလပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးသီချင်းအသစ်ထွက်ရှိလာမှုဖြစ်သည်။
ထို့ပြင် J-Hope ၏ ဖျော်ဖြေရေးခရီးစဉ်သည် ယခုနှစ်အတွင်းစတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၈)ရက်၊ မတ်လ(၁)ရက်နှင့်(၂)ရက်တို့တွင် ဆိုးလ်မြို့ဆောင်ပါခရိုင် KSPO Dome ဖျော်ဖြေရေးရုံအတွင်း (၃) ည ကျင်းပသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် BTS အဖွဲ့၏အချို့အဖွဲ့ဝင်များမှာ စစ်မှုထမ်းတာဝန်ကို ဆက်လက်ထမ်းဆောင်နေကြဆဲဖြစ်ပြီး အဖွဲ့ဝင်အားလုံးသည် စစ်မှုထမ်းတာဝန်ပြီးဆုံးမည့် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ ဖျော်ဖြေရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၇)ရက်တွင် စစ်မှုထမ်းတာဝန်ကိုပြီးဆုံးခဲ့သော J-Hope သည် အနုပညာနယ်ပယ်တွင် အောင်မြင်မှုများစွာကို ရယူနိုင်ထားသူဖြစ်ပြီး မိန်းကလေးပရိသတ်အများအပြားကြားတွင် ရေပန်းစားလျက်ရှိသည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။
ထို့ပြင် J-Hope သည် ပြီးခဲ့သည့်နှစ်တွင် ဆိုးလ်မြို့မှာ ဇိမ်ခံတိုက်ခန်းနှစ်ခန်းကို ဝယ်ယူခဲ့ပြီးနောက် လူအများအပြား၏ အာရုံစိုက်မှုများကို ရရှိခဲ့ကြောင်းလည်း သိရသည်။ J-Hope သည် အဆိုပါတိုက်ခန်းနှစ်ခန်းစလုံးအတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁၅ ဒသမ ၄)သန်းကို ငွေသားဖြင့်သာပေးချေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဝယ်ယူမှုနှင့်အတူ J-Hope တွင် စုစုပေါင်းဇိမ်ခံအိမ်လေးခုကို ပိုင်ဆိုင်ထားပြီး ၎င်း၏အဆင့်အတန်းမှာ ပိုမိုပေါ်လွင်လာခဲ့ခြင်းဖြစ်သည်။
Source : msn.com