တောင်ကိုရီးယားမင်းသမီးငယ် ကင်ဆေရွန်းဟာ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းကပဲ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို သူမနဲ့ရင်းနှီးသူတစ်ဦးက တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့လက်ရှိစစ်ဆေးမှုအရ ရာဇဝတ်မှု (သို့မဟုတ်) ပိုင်နက်ကျူးလွန် ရန်ပြုခြင်းခံရတဲ့လက္ခဏာ မတွေ့ရှိရတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်မယ်လို့ ယူဆထားပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ကင်ဆေရွန်းရဲ့ အသိမိတ်ဆွေတစ်ဦးဖြစ်တဲ့ အီဒေလီရဲ့ပြောကြားချက်အရ ကင်ဆေရွန်းဟာ – အမည် ကင်အာအင်လို့ ပြောင်းလဲပြီး ဖျော်ဖြေရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကင်ဆေရွန်းဟာ အသက် ၂၅ နှစ်သာရှိသေးတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ် နာမည်ကျော်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က အရက်မူးပြီး ကားမောင်းခဲ့လို့ အမှုရင်ဆိုင်ခဲ့ရပြီး အဲဒီနောက် ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်နေရတဲ့ပုံတွေနဲ့ ပရိသတ်ကို ပန်းနုသွေးတယ်လို့ မကောင်းသတင်း ကျော်ကြားခဲ့ဖူးပါတယ်။

Source : edition.cnn.com