တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ ENHYPEN ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Sunoo သည် Samsung Seoul ဆေးရုံကို ဝမ်သန်း (၁၀၀)လှူဒါန်းခဲ့ကြောင်းသိရသည်။
Sunoo ၏ ဆန္ဒအရ အဆိုပါလှူဒါန်းမှုကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Belift Lab ကုမ္ပဏီက မတ်လ (၁၁)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် Sunoo ၏ လှူဒါန်းမှုကို လူနာပျော်ရွှင်မှုရန်ပုံငွေအတွက် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Sunoo သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် Samsung Seoul ဆေးရုံကို ဝမ်သန်း(၁၀ဝ)လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကို သီးသန့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါလှူဒါန်းမှုကို Samsung Seoul ဆေးရုံရှိ လူနာများအတွက် ကုသမှုကုန်ကျစရိတ်နှင့် ပံ့ပိုးမှုအစီအစဉ်အမျိုးမျိုးအတွက် ခွဲဝေပေးသွားမည်ဖြစ်သည်။
ENHYPEN အဖွဲ့ သည် လက်ရှိအချိန်တွင် ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး WALK THE LINE ကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
လာမည့်ဇူလိုင်လတွင် ENHYPEN အဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ajinomoto အား ကစားကွင်းတွင် ဖျော်ဖြေမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး ဩဂုတ်လတွင် အိုဆာကာမြို့ရှိ့ Yanmar Stadium Nagai အားကစားကွင်းတွင် ဖျော်ဖြေမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source : allkpop.com