အာဆင်နယ်ရဲ့ ဖလားလေးလုံးအိပ်မက် ၁၄ ရက်အတွင်း ပျက်ပြယ်သွားပြီလား

အာဆင်နယ်နှင့် ဆောက်သမ်တန် FA Cup

ဆောက်သမ်တန်ရဲ့ တရားဝင် X (Twitter) အကောင့်ကနေ “ခင်ဗျားတို့ရဲ့ ဆုဖလား ၄ လုံးကို ပျော်ပျော်ကြီး ခံစားလိုက်ပါဦး” ဆိုပြီး အာဆင်နယ် ပရိသတ်တစ်ယောက်ကို ပြောင်လှောင်တဲ့ စာသားနဲ့ အတူ အာဆင်နယ်ရဲ့ အခြေအနေက တကယ်ပဲ ဆိုးရွားသွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၂ ပတ်ကတင် အာဆင်နယ်ဟာ တစ်ရာသီအတွင်း ဆုဖလား ၄ လုံး ရနိုင်တယ်လို့ ခန့်မှန်းခံခဲ့ရတာပါ။ ဒါပေမဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးခဲ့သလို အခု FA Cup ကွာတားဖိုင်နယ်မှာလည်း ဆောက်သမ်တန်ကို ထပ်ရှုံးသွားတာကြောင့် အဲ့ဒီအိပ်မက်တွေက ပြာပုံဖြစ်သွားပါပြီ။

ဒီပွဲမှာ လူစားဝင်ကစားသမား ဗစ်တာ ယောကရက်စ် က အာဆင်နယ်အတွက် ချေပဂိုး သွင်းပေးခဲ့ပေမဲ့ ၈၅ မိနစ်မှာ ရှေး ချားလ်စ်က အနိုင်ဂိုး သွင်းယူပြီး အာဆင်နယ်ကို ပြိုင်ပွဲကနေ မောင်းထုတ်လိုက်တာပါ။ ဒါဟာ အာဆင်နယ်အတွက် ဒီရာသီမှာ ပထမဆုံးအကြိမ် ရှုံးပွဲဆက်တာ ဖြစ်သလို ၅ ပွဲမြောက် ရှုံးနိမိတ်လည်း ဖြစ်ပါတယ်။ သီယို ဝေါလ်ကော့တ် ကတော့ “ဒီရာသီမှာ သူတို့ တည်ဆောက်ထားသမျှ အရာရာကို အပျက်မခံပါနဲ့။ အရင်ကလိုမျိုး အမှားတွေကို ထပ်မကြုံအောင် ထိန်းရပါမယ်” လို့ သတိပေးထားပါတယ်။

နည်းပြ အာတီတာကတော့ သူ့ကစားသမားတွေကို အပြစ်မတင်ဘဲ “တာဝန်ယူရမှာက ကျွန်တော်ပါ။ အခုက ရာသီရဲ့ အလှပဆုံးအချိန်ကို ရောက်တော့မှာမို့ အားတင်းထားပြီး အရင်လိုပဲ အကောင်းဆုံးပုံစံနဲ့ ပြန်လာရမယ်” လို့ ဆိုပြီး ကစားသမားတွေကို ခုခံကာကွယ်သွားခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးကလည်း အမှတ်ပေးဇယားမှာ အနီးကပ် ဖိအားပေးလာတာကြောင့် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အမှားမခံတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *