ဖာနန်ဒက်စ်ရဲ့ တစ်နှစ်တာအကောင်းဆုံးဆု မျှော်လင့်ချက်နဲ့ ယူနိုက်တက်ကြယ်ပွင့်သစ် ဂါဘရီရယ်

ဘရူနို ဖာနန်ဒက်စ် နှင့် ဂျေဂျေ ဂါဘရီရယ်

မနေ့ သောကြာနေ့ရဲ့ Q&A အစီအစဉ် ဒုတိယပိုင်းမှာတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ အနာဂတ်ကြယ်ပွင့်လောင်းလေး ဂျေဂျေ ဂါဘရီရယ်တို့အကြောင်းကို အဓိကထား ပြောပြထားပါတယ်။

ပတ်ထရစ်က “ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရနိုင်ခြေရှိတယ်လို့ ထင်ပါသလား။ ခင်ဗျားဆိုရင်ရော သူ့ကိုပဲ ရွေးမှာလား” လို့ မေးခဲ့ပါတယ်။

ဆိုင်မွန်က “ကျွန်တော်ကတော့ သူ့ကိုပဲ မဲပေးမှာပါ။ အဓိကကတော့ တခြားသူတွေထက် သူ့အကြောင်းကို ပိုမြင်နေရလို့ပါ။ တကယ်လို့ အာဆင်နယ်သာ လိဂ်ချန်ပီယံဖြစ်ခဲ့ရင် ဒက်ကလန် ရိုက်စ် ဒါမှမဟုတ် ဂါဘရီရယ်တို့က ရေပန်းအစားဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

“ဒါပေမဲ့ တိုက်စစ်ပိုင်းမှာတော့ တစ်ရာသီလုံး ဖာနန်ဒက်စ်လောက် ခြေစွမ်းတည်ငြိမ်တဲ့သူ မရှိသလောက်ပါပဲ။ မန်ချက်စတာ ယူနိုက်တက် ဂိုးသွင်းတိုင်းမှာ သူကအမြဲတမ်း အဓိကကျနေတတ်ပါတယ်။ မိုက်ကယ် ကားရစ်က သူ့ကို ကွင်းလယ်အထက်ပိုင်းအထိ ပိုတိုးကစားခိုင်းတဲ့နောက်ပိုင်းမှာ သူ့ရဲ့လွှမ်းမိုးမှုက ပိုသိသာလာတာပါ” လို့ ဆိုပါတယ်။

ဘရန့်ဖို့ဒ်က အီဂေါ သီယာဂိုနဲ့ ဘုန်းမောက်က အန်တွမ်နီ ဆီမန်ယိုတို့ကလည်း ချီးကျူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်ထက် ပိုကောင်းတဲ့သူ မရှိဘူးလို့ပဲ ကျွန်တော် ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။ ခူရှယ်ကလည်း “ဂျေဂျေ ဂါဘရီရယ်က ပရီးမီးယားလိဂ်မှာ ဘယ်တော့ ပွဲထွက်ခွင့်ရမလဲ” လို့ မေးမြန်းခဲ့ပါတယ်။

ဆိုင်မွန်က “မေးခွန်းကောင်းတစ်ခုပါ။ သေချာတာကတော့ ဒီရာသီမှာ သူ မကစားနိုင်သေးပါဘူး။ သူက စီနီယာအသင်းနဲ့ ရံဖန်ရံခါ လေ့ကျင့်မှုတွေ လုပ်နေသလို အရေးကြီးတဲ့ ယူ-၂၁ ပွဲစဉ်တွေလည်း ရှိနေပါတယ်။ ဒပ်ဘလင်ကို သွားမဲ့ ၄ ရက်ကြာ ခရီးစဉ်မှာ သူပါမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အောက်တိုဘာလတုန်းကမှ သူက ၁၅ နှစ်ပဲ ရှိသေးတာမို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကစားခွင့် မရှိပါဘူး” လို့ ရှင်းပြပါတယ်။

“သူ့ကို ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်စေပြီး လူကြီးတွေရဲ့ ဘောလုံးလောကမှာ ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်မှု လုံလောက်ရဲ့လားဆိုတာ ယူနိုက်တက်နည်းပြအဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်။ အဲ့ဒီလိုဆိုရင်တောင် ကာရာဘောင်ဖလားပြိုင်ပွဲက သူ ပွဲဦးထွက်ဖို့ ပိုဖြစ်နိုင်တဲ့နေရာပါ” လို့ ဖြေကြားသွားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *