‘ဂျော့ရှ်ကော်စတာ’ ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းနေတဲ့ ‘မော်ရင်ဟို’
ဂျော့ရှ် ကော်စတာ ဟာ ၂၀၀၄ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ မော်ရင်ဟိုရဲ့ ပေါ်တိုအသင်း အသင်းခေါင်းဆောင်နှင့် သြဇာလွှမ်းမိုးမှုရှိသူများထဲမှ တစ်ဦးဖြစ်ပါတယ်။ ဗဟိုနောက်ခံလူဟောင်းဟာ ပေါ်တိုတွင် ရှိနေစဉ်ကာလအတွင်း ပေါ်တူဂီလိဂ်ဖလား ၈ ကြိမ်နှင့် ယူအီးအက်ဖ်အေဖလား အပါအဝင် ဆုဖလား ၂၁ ခုကို ရရှိခဲ့ကာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း အကြိမ် ၅၀ အထိ ပါဝင်ကစားခဲ့ပါတယ်။

