ခရစ်ဝုဒ် ရဲ့ ဂိုး ၂၀၀ ပြည့် ပင်နယ်တီနဲ့အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ ခြေတစ်လှမ်းနီးစပ်သွားတဲ့ နော့တင်ဟမ်ဖောရက်စ်

ခရစ်ဝုဒ်၊ နော့တင်ဟမ်ဖောရက်စ်၊ ယူရိုပါလိဂ်

ခရစ်ဝုဒ် ဟာ ပြီးခဲ့တဲ့ရာသီက နော့တင်ဟမ်ဖောရက်စ် ကို ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အနီးစပ်ဆုံး ခေါ်ဆောင်ပေးနိုင်ခဲ့သူပါ။ ခြောက်လကြာ ဒဏ်ရာကြောင့် နားခဲ့ရပေမဲ့ အခုတော့ သူပြန်လာပါပြီ။

ကြာသပတေးနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ခရစ်ဝုဒ် ရဲ့ တားဆီးမရတဲ့ ပင်နယ်တီဂိုးကြောင့် အက်စတွန်ဗီလာ ကို အနိုင်ရပြီး ဖောရက်စ် တို့ အသာစီး ရသွားပါတယ်။ အနိုင်ရတဲ့အသင်းဟာ မေလ ၂၀ ရက်နေ့မှာ အစ္စတန်ဘူလ် မြို့မှာ ကျင်းပမဲ့ ဗိုလ်လုပွဲမှာ ဘရာဂါ ဒါမှမဟုတ် ဖရိုင်းဘာ့ဂ် နဲ့ ရင်ဆိုင်ရမှာပါ။

အောက်တိုဘာလကတည်းက ဒူးဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ ဒီ နယူးဇီလန် တိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမားဘဝ ဂိုး ၂၀၀ ပြည့်မြောက်မှုကိုလည်း ဒီပွဲမှာပဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ခရစ်ဝုဒ် ဟာ ၂၀၁၆ ခုနှစ်ကတည်းက ပင်နယ်တီ တစ်ကြိမ်မှ မလွဲသေးဘဲ အခုဆိုရင် ၂၈ ကြိမ် ဆက်တိုက် ဂိုးသွင်းထားနိုင်တာပါ။ သူဟာ ရှောင်ဒိုက် လက်ထက် ပွဲစဉ်အားလုံးကို လွဲချော်ခဲ့ပေမဲ့ အခုတော့ အသင်းအတွက် အချိန်မီ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဗီတာ ပါရဲရား ကတော့ “ခရစ်ဝုဒ် က ပဟေဠိရဲ့ နောက်ဆုံးအပိုင်းအစပါပဲ။ သူက ထိပ်တန်းကစားသမား တစ်ယောက်တင် မကဘဲ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပိုင်းပါ တောင့်တင်းတဲ့သူပါ” လို့ ချီးကျူးခဲ့ပါတယ်။ အခုဆိုရင် နော့တင်ဟမ်ဖောရက်စ် အသင်းဟာ တန်းဆင်းဇုန်ကနေ ၅ မှတ်အကွာ အဆင့် ၁၆ မှာ ရှိနေပြီး၊ တနင်္လာနေ့မှာ ချယ်လ်ဆီး နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို နောက်တစ်ပတ်မှာတော့ ဗီလာပန်းခ် ကွင်းမှာ ဒုတိယအကျော့ ဆက်ကစားရမှာ ဖြစ်ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *