ရိုဒရီ အတွက် ကမ်းလှမ်းမှုကို မန်စီးတီး ပယ်ချပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရ အခြေအနေများ

ရိုဒရီ ကို ဘာစီလိုနာ ကမ်းလှမ်းမှု မန်စီးတီး ပယ်ချ

ဘာစီလိုနာ အသင်းက စပိန်ကွင်းလယ်လူ ရိုဒရီ အတွက် ပေါင် ၅၅ သန်းနဲ့ကမ်းလှမ်းခဲ့တာကို မန်ချက်စတာစီးတီး ဘက်က ပယ်ချလိုက်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားအတွက် မန်စီးတီး က ပေါင်သန်း ၆၀ အထက် လိုချင်နေပြီး ဆွေးနွေးမှုတွေ ဆက်လက်ရှိနေပါတယ်။

တော့တင်ဟမ် နောက်ခံလူ ဂျက် စပန့်စ် ကတော့ ယူရို သန်း ၃၀ အပြင် အပိုဆုကြေး ယူရို ၅ သန်းနဲ့ အင်တာမီလန် ကို ပြောင်းဖို့ သောကြာနေ့မှာ ဆေးစစ်မှု ခံယူတော့မှာပါအာဆင်နယ် အသင်းက စပိန်နောက်ခံလူ မတ်ခ် ပူဘေးလ် ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အက်သလက်တီကို မက်ဒရစ် ဘက်က ရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်

ဟားလ်စီးတီး ကတော့ ရက်ဘူးလ် ဆာလ်ဇ်ဘာ့ဂ် ကွင်းလယ်လူ လူကပ်စ် ဂေါ်နာ ဒူးဝပ်သ် ကို ယူရို ၄ သန်းနဲ့ ခေါ်ယူဖို့ အပြီးသတ်နေပါပြီ။ ဒါ့အပြင် အဲဗာတန် ကွင်းလယ်လူ တင် အီရိုဂ်ဘူနမ် အတွက်လည်း ပေါင် ၁၅ သန်းကျော်နဲ့ ကမ်းလှမ်းထားပါတယ်

အစ်ဝစ်ချ်တောင်း က ဖရိုင်းဘတ် တိုက်စစ်မှူး ဒီရီ ရှာဟန့် ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို ကွင်းလယ်လူ အီဇီကီယယ် ပါလာစီယို့စ် အတွက် ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့တာကိုတော့ လေဗာကူဆင် က ပယ်ချခဲ့ပါတယ်

နာပိုလီ အနေနဲ့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီယယ် ဂျေဇူး ကို ခေါ်ဖို့ မဆွေးနွေးခင် အသင်းတိုက်စစ်မှူး လိုရန်ဇို လူကာ ရဲ့ အနာဂတ်ကို အရင်ဆုံး ဆုံးဖြတ်ရမှာပါအေစီမီလန် နည်းပြ ရူဘင် အာမိုရင် ကတော့ နောက်ခံလူ ဖီကာယို တိုမိုရီ နဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ အပါအဝင် ကစားသမား ၈ ယောက်ကို အသင်းမှာ နေရာမရှိတော့ကြောင်း အသိပေးထားပါတယ်ဂျီနိုအာ ကတော့ ဘရိုက်တန် တိုက်စစ်မှူး အီဗန် ဖာဂူဆန် ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်

ဝက်စ်ဟမ်း က ကွင်းလယ်လူ အာနေး အိန်ဂျယ်စ် ကို ပေါင် သန်း ၂၀ တန်ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ဆဲလ်တစ် နဲ့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပါတယ်အေဂျက်စ် ကလည်း ဝုလ်ဗ် နောက်ခံလူ ဆန်တီယာဂို ဘွေနို ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်

ဘော်တန် တိုက်စစ်ကစားသမား တိုင်ရီးစ် ရှေ့ဒ် အတွက် လင်ကွန်း ရဲ့ ပေါင် ၂ သန်း ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသလို လက်စတာ တောင်ပံလူ စတက်ဖီ မာဗီဒီဒီ ကို ခေါ်ဖို့ ရိန်းဂျားစ် နဲ့အတူ မစ်ဒယ်ဘရော့ က ပါဝင်လာပါတယ်ဘန်းစလေ ကတော့ တိုက်စစ်မှူး ရေးစ် ကလီရီ အတွက် ပေါင် ၃ သန်းဝန်းကျင် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *