အာဆင်နယ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်လာပေမဲ့ စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ မီခေးလ် အာတီတာ အတည်ပြု

အာဆင်နယ် အာတီတာ စာချုပ်သစ်

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပေးထားတဲ့ မီခေးလ် အာတီတာ ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ အာဆင်နယ် နဲ့ စာချုပ်သစ် ထပ်ချုပ်မှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ သူ့ရဲ့အနာဂတ်အတွက် စိတ်ပူစရာမလိုဘူးလို့ အာတီတာ က အသိပေးလိုက်ပါတယ်

ပြီးခဲ့တဲ့ မေလတုန်းက အသင်းပူးတွဲဥက္ကဋ္ဌ ဂျော့ရှ် ခရွန်ကီ က အာတီတာ ကို စာချုပ်သစ်ချုပ်ဖို့ဟာ အသင်းရဲ့ အဓိကဦးစားပေးလို့ပြောခဲ့ပေမဲ့ အခုချိန်ထိ စာချုပ်သစ် မချုပ်ရသေးပါဘူး။ ဒါပေမဲ့ အာတီတာ ကတော့ သူကိုယ်တိုင် အသင်းမှာပျော်ရွှင်နေသလို အသင်းဘုတ်အဖွဲ့ကလည်း သူ့အပေါ် ကျေနပ်မှုရှိတာကြောင့် အဆင်ပြေပြေနဲ့ပဲ စာချုပ်ကိစ္စကို ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေ ဘာမှ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော် ဒီမှာပဲ ဆက်ရှိချင်သလို အရမ်းလည်းပျော်ပါတယ်။ အတူလက်တွဲလုပ်နေရတဲ့ လူတွေအတွက်လည်း ကျေးဇူးတင်မိပါတယ်။ အခွင့်အရေးရတာနဲ့ ဒီကိစ္စကို ဖြေရှင်းသွားမှာပါ” လို့ အာတီတာ က စာချုပ်ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

“စာချုပ်ချုပ်မဲ့ အချိန်နဲ့ပတ်သက်လို့ အားလုံးက စိတ်အေးလက်အေး ရှိနေကြပါတယ်။ ကျွန်တော့်ဘက်ကလည်း ဒီမှာပဲ ဆက်နေချင်သလို အသင်းဘက်ကလည်း ဒီလိုပဲ ခံစားနေရလို့ပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုကာကွယ်ပြီး တခြားဖလားတွေပါ ရယူဖို့အတွက် တိုက်စစ်အင်အား လုံလောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်မှုတွေကိုလည်း အာတီတာ က ရှင်းလင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ဖလားရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ အာဆင်နယ် ရဲ့ တိုက်စစ်ကစားပုံဟာ အားနည်းခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ ဒီရာသီမှာတော့ လီအန်ဒရို ထရော့ဆက်ဒ် ကို ဘီဆစ်တက်စ် ဆီ ရောင်းထုတ်ခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ဘရူနို ဂီမာရေ့စ် နဲ့ ခရစ်စတိုစ် ဇိုလစ် တို့ကို ခေါ်ယူဖြည့်တင်းထားပါတယ်။ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ် ဂျူနီယာဂျူလီယန် အယ်လ်ဗာရက်စ် နဲ့ ဘရက်ဒ်လေ ဘာကိုလာ တို့ကို စိတ်ဝင်စားခဲ့ပေမဲ့ အရင်ရာသီက လူစာရင်းအများစုကိုပဲ ဆက်လက် အသုံးပြုနေတာပါ

လက်ရှိတိုက်စစ် အနေအထားနဲ့ လုံလောက်မှု ရှိရဲ့လားလို့ မေးမြန်းရာမှာတော့ အာတီတာ က “ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေရင် လုံလောက်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်

“ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ရဲ့ အဓိကကစားသမားတွေ၊ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေကို ပွဲပေါင်းများစွာ၊ လပေါင်းများစွာ လက်လွှတ်ခဲ့ရတာတောင် ဒီလိုရာသီမျိုးကို ဖြတ်သန်းနိုင်ခဲ့တာက တကယ့်ကို အံ့သြစရာပါပဲ။ ဒါဟာ အသင်းရဲ့ ကစားဟန်နဲ့ စုစည်းမှုကို ပြသတာဖြစ်ပြီး ချီးကျူးရမှာပါ” လို့ သူက ဆိုပါတယ်

“ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ပိုမြှင့်တင်သွားချင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို အနိုင်ရနိုင်တဲ့ အသင်းတစ်သင်းဖြစ်အောင် ကျွန်တော် ပြင်ဆင်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ အလုပ်ပါပဲ” လို့ အာတီတာ က အသင်းရဲ့ ရည်မှန်းချက်ကို ပြောကြားခဲ့ပါတယ်

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *