မန်ယူမှာ ဆက်မထားသင့်တော့တဲ့ ကစားသမား ၈ ဦးကို ပေါလ် စခိုးလ် အမည်တပ် ထုတ်ပြော

ပေါလ် စခိုးလ်နှင့် မန်ယူကစားသမားများ

ပေါလ် စခိုးလ်က လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ရောင်းထုတ်ပစ်သင့်တဲ့ ကစားသမား ၈ ယောက်ကို ပြတ်ပြတ်သားသားပဲ အမည်တပ် ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ အသင်းဖော်ဟောင်း မိုက်ကယ် ကာရစ် ကိုင်တွယ်နေတဲ့ အသင်းအခြေအနေကို သုံးသပ်ရင်း အခုလို ပြောခဲ့တာပါ။

အင်္ဂါနေ့ကမှ စာချုပ်သစ် ချုပ်ဆိုထားတာ အတည်ပြုနိုင်ခဲ့တဲ့ ဟာရီ မက်ဂွါရီ နဲ့ ပတ်သက်ပြီး စခိုးလ်က “သူ တကယ်တော်ပါတယ်။ သေရာကနေ ပြန်ရှင်လာသလိုမျိုး ခြေစွမ်းပြနေတာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို လိုချင်တဲ့ ယူနိုက်တက်အတွက်တော့ သူက အဆင့်မမီသေးဘူး” လို့ ဆိုပါတယ်။ မက်ဂွါရီနဲ့ ဒီလစ် ကြားမှာတော့ အသက်အရွယ် ပိုငယ်ပြီး ပိုမြန်တဲ့ ဒီလစ်ကိုပဲ သူက ရွေးချယ်ခဲ့ပါတယ်။

ဒါ့အပြင် လန်နီ ယိုရိုလုခ် ရှောမာဇာရောင်ယီ နဲ့ ဒေါ်ဂူ တို့ကိုလည်း ရောင်းထုတ်ဖို့ စာရင်းထဲ ထည့်ထားပါတယ်။ ဒေါ်ဂူကို ဝင်းဘတ်အဖြစ် ဝယ်ခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့သလို၊ မာဇာရောင်ယီ ကလည်း အသင်းရဲ့ ကစားကွက်သစ်မှာ နေရာမရှိတော့ဘူးလို့ သူက ယူဆပါတယ်။ ဈေးကြီးပေးဝယ်ထားတဲ့ ယိုရိုကိုလည်း အချိန်ပေးရဦးမှာ ဖြစ်ပေမဲ့ အခုချက်ချင်း ရွေးရမယ်ဆိုရင်တော့ ရောင်းပစ်မှာပဲလို့ ဆိုပါတယ်။

လီဆန်ဒရို မာတီနက်ဇ် ကတော့ ကံကောင်းလို့ စာရင်းထဲ မပါသွားတာပါ။ ဒါပေမဲ့ သူ့ဘေးမှာ ပိုကောင်းတဲ့ လူတစ်ယောက် ရှိဖို့ လိုတယ်လို့ စခိုးလ်က မှတ်ချက်ပေးပါတယ်။ လုခ် ရှော နဲ့ ပတ်သက်ပြီးတော့လည်း “သူ ပုံမှန်ကစားနိုင်ရင် ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူပါ။ ဒါပေမဲ့ ပွဲကစားတာ နည်းလွန်းလို့ ရောင်းပစ်သင့်တယ်” လို့ ပြောခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ဒဏ်ရာပြဿနာတွေရှိနေတဲ့ မေဆန် မောင့်ကို ရောင်းပြီး၊ အူဂါတေ နဲ့ ကတ်စီမီရို တို့ကိုလည်း ထွက်ခွာခွင့် ပေးသင့်တယ်လို့ ဆိုပါတယ်။ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကိုတော့ အသင်းမှာ ဆက်ထိန်းထားဖို့ တိုက်တွန်းထားပြီး အသမ် ဝှာတန်ဆန်ဒရို တိုနယ်လီ နဲ့ အီလီယော့ အန်ဒါဆန် တို့လို ကစားသမားတွေကို အစားထိုး ဝယ်ယူဖို့ အကြံပြုထားပါတယ်။

Source : https://www.dailymail.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *