ယူနိုက်တက်ကျရှုံးခဲ့ခြင်း

ယူနိုက်တက်ကျရှုံးခဲ့ခြင်းမှာ နာမည်ကျော်ကစားသမားတွေနောက်လိုက်ခဲ့ခြင်းကြောင့်ဖြစ်တယ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီက အသင်းအနေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ဝေးကွာပြီး ကျရှုံးမှုတွေကြုံတွေ့နေရခြင်းမှာ လူကာကူ၊ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော်ကစားသမားတွေနောက် လိုက်ခဲ့ခြင်းကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လမ်းကြောင်းမှန်ပေါ်ရောက်လာတဲ့ ယူနိုက်တက်

အဓိက ကစားသမား ၃ ဦးကြောင့် ယူနိုက်တက်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခြင်းဖြစ်တယ်လို့ပြောကြားလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယခုရာသီမှာ အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ချီတက်လာနိုင်ခြင်းမှာ ဂိုးသမား ဆန်နီလမ်မန်းစ်၊ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုနဲ့ နောက်ခံလူ ဒီလစ်ချ်တို့ကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ ယခုနိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲအထိနိုင်ပြီး ၂ ပွဲသရေကျထားခဲ့တာကြောင့် ရှုံးပွဲတွေကို ရှောင်လွှဲလာနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

အင်္ဂလန်လက်ရွေးစင်ကစားသမား‌ဟောင်း အလန်ရှီးယားက စနေနေနေ့က တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ ဖြုန်းတီးပစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက်ကို ပြောင်းလာပြီးနောက် ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အထိုင်ကျဖို့ရုန်းကန်နေရတာကို လက်ခံကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆာဘွဲ့ရရှိပြီးနောက် ဂုဏ်ယူဝမ်းမြောက်နေတဲ့ ဒေးဗစ်ဘက်ခမ်း

ဆာဘွဲ့ရရှိပြီးနောက် ဂုဏ်ယူဝမ်းမြောက်မှုကို ထုတ်ဖော်ဖွင့်ဟလာတဲ့ ဒေးဗစ်ဘက်ခမ်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ချားလ်စ်ဘုရင်ထံမှ တရားဝင် ဆာဘွဲ့ကို လက်ခံရရှိပြီးနောက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ဟာ ဖောရက်စ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ‌စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၂ နဲ့သရေကျပြီးနောက် ပွဲအပြီးမှာ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပုံစံအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားမှာသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

ယူနိုက်တက်မှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ပြီး ဖိအားတွေဝင်ခဲ့တာကြောင့် အသင်းမှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

အာဖရိကဖလားကာလအတွင်း ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက် နည်းပြ ရူဘင်အာမိုရင်က ဒီနှစ်နှောင်းပိုင်းမှာကျင်းပမဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားတွေ ထွက်ခွာသွားတဲ့အခါ အသင်းအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်စဉ် သုံးပွဲဆက်အနိုင်ရထားပြီး ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘွေမို-ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှု

အမ်ဘွေမိုကို ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရွန်းနီ ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုဟာ နွေရာသီကစားသမားခေါ်ယူမှုတွေအနက် အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်