သောမတ်စ် တူချယ် နဲ့ ဂျုဒ် ဘယ်လင်ဟမ် – ဂျာမန်နည်းပြရဲ့ နည်းဗျူဟာအောက်မှာ ပိုမိုတောက်ပလာတဲ့ ရီးရဲလ်စတား

တူချယ်နှင့် ဘယ်လင်ဟမ်

စိတ်အားထက်သန်မှု၊ ဇွဲလုံ့လကြီးမှုနဲ့ အလျှော့မပေးတတ်တဲ့ စိတ်ဓာတ်တွေက နည်းပြ သောမတ်စ် တူချယ် ရော ဂျုဒ် ဘယ်လင်ဟမ် နဲ့ပါ ကွင်းတိ ကိုက်ညီနေပါတယ်။ နှစ်ယောက်စလုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အောင်မြင်ချင်စိတ် ပြင်းပြနေကြသူတွေ ဖြစ်သလို အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားရစေချင်ကြတာလည်း တူညီပါတယ်။

ဒါပေမဲ့ ပြဿနာက ဂျုဒ် ဘယ်လင်ဟမ် ကို အသင်းမှာ ဘယ်လိုနေရာမျိုးမှာ အသုံးချမလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက် ကြားမှာ အမြင်မတူတာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် စတား ကွင်းလယ်လူက ကွင်းထဲမှာလွတ်လွတ်လပ်လပ် ကစားချင်ပေမဲ့ သောမတ်စ် တူချယ် ကတော့ သူချမှတ်ထားတဲ့ အသင်းရဲ့ကစားကွက် စနစ်အတွင်းကနေပဲ ကစားဖို့ ညွှန်ကြားထားပါတယ်။

သောမတ်စ် တူချယ် ဟာ ဂျုဒ် ဘယ်လင်ဟမ် ကို ပိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာစေဖို့အတွက် ချီးကျူးတာထက် စည်းကမ်းပိုင်းကို ပိုပြီးတင်းကျပ်ခဲ့ပါတယ်။ ဂျာမန်နည်းပြဟာ ဂျုဒ် ဘယ်လင်ဟမ် ရဲ့ ပင်ကိုယ်အရည်အချင်းကို ချီးကျူးလေ့မရှိဘဲ အသင်းအတွက် ပေးဆပ်ကစားတာနဲ့ ဘောလုံးမရှိတဲ့အချိန် လိုက်လံဖိအားပေးတာတွေကိုပဲ အသိအမှတ်ပြုလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အလုပ်ဖြစ်ခဲ့ပြီး ဂျုဒ် ဘယ်လင်ဟမ် ဟာ ဒီကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနေပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်က စာရင်းဇယားတွေကို ကြည့်ရင် သူဟာ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ရုံတင်မကဘဲ ခံစစ်ပိုင်း တွန်းလှန်မှုတွေမှာလည်း အားကိုးခဲ့ရတာကြောင့် သောမတ်စ် တူချယ် ရဲ့ကိုင်တွယ်မှု အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့နှစ်ဦးကြားက အားပြိုင်မှုဟာ ၁၈ လကျော်ကြာခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်က သောမတ်စ် တူချယ် ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဂျုဒ် ဘယ်လင်ဟမ် ရဲ့ မိသားစုနဲ့ အဆင်မပြေမှုဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ အဆင်ပြေသွားခဲ့ပါပြီ။

အောက်တိုဘာလတုန်းက ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ဂျုဒ် ဘယ်လင်ဟမ် ကို အသင်းလူစာရင်းကနေ သောမတ်စ် တူချယ် ချန်လှပ်ခဲ့တာကလည်း အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါဟာ ကစားသမားကို အနားပေးတာမျိုး မဟုတ်ဘဲ အသင်းလိုက် စုစည်းမှုကို အလေးထားကြောင်း သတိပေးခဲ့တာပါ။

နော်ဝေ နဲ့ပွဲအပြီးမှာ သောမတ်စ် တူချယ် က အသင်းရဲ့ကစားပုံကို အားမရဘူးလို့ ဝေဖန်ခဲ့တာကြောင့် ဂျုဒ် ဘယ်လင်ဟမ် က ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။ ဂျုဒ် ဘယ်လင်ဟမ် အနေနဲ့ ကွင်းထဲက ပင်ပန်းမှုတွေနဲ့အတူ အသင်းဖော်တွေရဲ့ ကြိုးစားမှုကို ကာကွယ်ပြောဆိုခဲ့တာ ဖြစ်သလို၊ သောမတ်စ် တူချယ် ကလည်း ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနား ကို ရင်ဆိုင်ရမှာဖြစ်လို့ အသင်းကို ပိုကောင်းလာစေချင်တဲ့ စေတနာနဲ့ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ ပြိုကွဲမှုတွေမရှိဘဲ အသင်းအောင်မြင်ဖို့အတွက် အပြန်အလှန် တွန်းအားပေးနေကြတာပဲ ဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *