Netflix ရဲ့ Animation ရုပ်ရှင် “KPop Demon Hunters” မှာ ပါဝင်တဲ့ ယောင်္ကျားလေးအဖွဲ့ “Soja Boys” ရဲ့ တေးသီချင်းတွေဟာ US Spitify Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့ပါတယ်။
ဇူလိုင် ၃ ရက်စွဲနဲ့ US Spotify ရဲ့ ထိပ်တန်းသီချင်းဇယားမှာ နာမည်ကြီး ကာတွန်းရုပ်ရှင် “KPop Demon Hunters” ရဲ့တေးသွားတွေဟာ ထိပ်တန်းနေရာ နှစ်ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Saja Boys ရဲ့ “Your Idol” သီချင်းဟာ နံပါတ် ၁ ထိ ခုန်တက်သွားခဲ့ပြီး US Spotify ဇယားမှာ ဝင်ရောက်ခဲ့တဲ့ စတုတ္ထမြောက် K-pop အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။
ဇာတ်ကားထဲက မိန်းကလေး K Pop အဖွဲ့ HUNTR/X ရဲ့ သီချင်း “Golden” ကတော့ နံပါတ် ၂ နေရာကို ရောက်ရှိနေပြီး BLACKPINK ကို ကျော်ကာ US Spotify သမိုင်းမှာ အဆင့်အမြင့်ဆုံး ချိတ်တဲ့ K-pop မိန်းကလေးအဖွဲ့ဖြစ်လာခဲ့ပါတယ်။
US chart မှာ နံပါတ် ၁ နေရာကိုရောက်ရှိခဲ့တဲ့ ကိုရီးယား ပေါ့စ် သီချင်းတွေဟာ အရင်က BTS အဖွဲ့ဝင် ဂျောင်ကု ရဲ့ “Seven”၊ BTS အဖွဲ့ဝင် ဂျီမင်ရဲ့ “Who” နဲ့ BLACKPINK အဖွဲ့ဝင် ရိုစ့်ရဲ့ “APT” တွေ ပဲ ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က US Spotify ဇယားမှာ အဆင့်အမြင့်ဆုံးအဖြစ် နံပါတ် ၃ ထိ သာ ချိတ်ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။
Source : msn.com