အဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး သီချင်းသစ်ထွက်လာတဲ့ ဂျက်ကီချန်း

ဂျက်ကီချန်း နဲ့ အဆိုတော် JJ Lin - xda77

ဟောင်ကောင်သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းဟာ စင်ကာပူ အဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး Skibidi ဆိုတဲ့ သီချင်းသစ် ထွက်ရှိလာခဲ့ပါတယ်။

ဒီသတင်းကို ထိုင်ဝမ် Hit FM ဝက်ဘ်ဆိုဒ်နဲ့ Lin ရဲ့ အေဂျင်စီ JFJ Productions တို့က ဆိုရှယ်မီဒီယာမှာ သြဂုတ် ၂၆ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၇ ရက် နံနက် ၁ဝ နာရီမှာတော့ သီချင်းသစ် ထွက်ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ရှိ ရှိုးတစ်ခုမှာ Lin နဲ့ ဂျက်ကီတို့တွေ့ဆုံပြီး ဂန္ထဝင်သီချင်း Sincere Hero (1993) ကို အတူဖျော်ဖြေပြီးနောက် လေးလအကြာမှာ ထွက်ရှိလာခြင်းပဲဖြစ်ပါတယ်။

ဒီသီချင်းဟာ ဂျက်ကီချန်းရဲ့ ပထမဆုံး အီလက်ထရွန်းနစ်တေးဂီတလည်း ဖြစ်ပါတယ်။
ဂျက်ကီချန်းဟာ ယခင်ကတော့ သူ့ရဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ Drunken Master II (1994)၊ Rumble In The Bronx (1995) နဲ့ The Myth (2005) စတဲ့ ရုပ်ရှင်တွေမှာ ဇာတ်ဝင်တေးတွေကို ကိုယ်တိုင်သီဆိုခဲ့ဖူးပါတယ်။

Source : cnalifestyle.channelnewsasia.com

Leave a Reply

Your email address will not be published. Required fields are marked *