လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa

လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa xda77 Featured

Lisa ရဲ့ တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ Rockstar MV ဟာမထွက်ရှိခင်ကတည်းက အကြိုပုံတွေနှင်တင်ပရိတ်သတ်တွေအများကြီးကိုစိတ်ဝင်စားစေခဲ့တာပါ။ ထွက်လာပြီးနောက်ပိုင်းမှာလည်း ရိုက်ကူးရေးနှင့်ပတ်သက်တဲ့အကြောင်းအရာတွေ ပါဝင်တဲ့သူတွေအကြောင်းဟာ လူတိုင်းစိတ်ဝင်စားစရာသတင်းတွေဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လိင်ပြောင်းမိန်းကလေးသုံးယောက်ပါဝင်မှုဟာ အတော်လေးကိုလူပြောများနေပြီး စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa

Bruce Kachi-Sarah ကတော့ မကြာသေးခင်ကကျင်းပခဲ့တဲ့ လိင်ပြောင်းမိန်းကလေးအလှမယ်ပြိုင်ပွဲမှာ ဒုတိယနေရာရခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ လိင်ပြောင်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင်လှပပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့်နာမည်ကြီးပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ Aeffy ကတော့ အနုပညာရှင်တစ်ဦးဖြစ်ပြီးတော့ နာမည်ကြီးကုမ္မဏီဖြစ်တဲ့ လိုမျိုးတွေနှင့်လက်တွဲနေတဲ့သူပါ။

လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa xda77 digital

နောက်ဆုံးတစ်ယောက်ဖြစ်သူကတော့ Chinni ဖြစ်ပြီးတော့ သူမဟာလည်း ထိုင်းနိုင်ငံအတွင်းက လိင်ပြောင်းမိန်းကလေးတွေဘယ်လိုနေထိုင်နေကြတယ်ဆိုတာကို Vlog တွေရိုက်ကူးနေတဲ့သူဖြစ်ပါတယ်။ လီဆာဟာသူ့ရဲ့ MV မှာအခုလိုမျိုး လိင်ပြောင်းအလှမယ်တွေကိုထည့်သွင်းလာတာဟာ ထိုင်းနိုင်ငံရဲ့ LGBT Community ကိုအများကြီးတန်ဖိုးထားရာရောက်တယ်ဆိုပြီး ချီးကျုးနေကြတာဖြစ်ပါတယ်။

လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa xda77 digital.2

#xda77 #xda77digital

Leave a Reply

Your email address will not be published. Required fields are marked *