ရုပ်ရှင်လောက ပြန်လည်ဦးမော့လာမည့် အလားအလာများနှင့်အတူ နာမည်ကြီးရုပ်ရှင်များစွာ ထွက်ရှိလာတော့မည်

CinemaCon နှင့် ရုပ်ရှင်သစ်များ

အမေရိကန်နိုင်ငံ၊ လာ့စ်ဗေးဂတ်စ်မှာ ရုပ်ရှင်ရုံပိုင်ရှင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲကို တနင်္လာနေ့က စတင်ကျင်းပခဲ့ပါတယ်။ ဒီနှစ်အစပိုင်း ရုပ်ရှင်ရုံတွေရဲ့ ဝင်ငွေက သိသိသာသာ ပြန်ကောင်းလာတာကြောင့် အားလုံးက တက်ကြွပျော်ရွှင်နေကြတာပါ။

CinemaCon ဆိုတာကတော့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေက သူတို့ရဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို ခေါ်လာပြီး နောက်ထွက်မဲ့ ရုပ်ရှင်တွေကို မိတ်ဆက်ပြသတဲ့ ပွဲကြီးဖြစ်ပါတယ်။ ဒီနှစ် ပထမသုံးလပတ်မှာတင် ရုပ်ရှင်ဝင်ငွေက မနှစ်ကထက် ၂၃ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။ ဒါဟာ ကိုဗစ်မတိုင်ခင်ကတည်းကဆိုရင် အကောင်းဆုံး ပြန်ဖြစ်လာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအရှိန်အဟုန်ကို ဘယ်လိုဆက်ထိန်းမလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ Warner Bros. Discovery လို နာမည်ကြီး ကုမ္ပဏီကို Paramount Skydance က ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေလိုမျိုး အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်လို့ပါ။ Cinema United ရဲ့ စီအီးအို Michael O’Leary က ပြောတာကတော့

“ဒီလို နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးတွေ ပေါင်းစည်းလိုက်တာက ရုပ်ရှင်ထုတ်လုပ်မှုအရေအတွက် လျော့သွားနိုင်သလို ဈေးနှုန်းတွေလည်း တက်လာနိုင်ပါတယ်။ ဒါက ရုပ်ရှင်ရုံတွေအတွက် မကောင်းပါဘူး” လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို အမေရိကန်နဲ့ နိုင်ငံတကာ ထိန်းချုပ်ရေးအဖွဲ့အစည်းတွေကို တင်ပြထားပြီး သေချာစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

ဒီနှစ် CinemaCon ပွဲမှာ Zendaya Matt DamonTom HollandTimothee Chalamet နဲ့ Tom Cruise တို့လို နာမည်ကြီး ကြယ်ပွင့်တွေအပြင် ဇူလိုင်လမှာ ထွက်ရှိမဲ့ “The Odyssey” ရုပ်ရှင်ကို ရိုက်ကူးထားတဲ့ နာမည်ကျော် ဒါရိုက်တာ Christopher Nolan လည်း တက်ရောက်မှာပါ။ တနင်္လာနေ့မှာတော့ Sony က ၂၀၂၆ ခုနှစ်အတွက် သူတို့ ပြင်ဆင်ထားတာတွေကို စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ပွဲအတွင်းမှာတော့ ပရိသတ်တွေရဲ့ ရုပ်ရှင်ကြည့်တဲ့ အလေ့အကျင့် ပြောင်းလဲလာတာတွေကိုလည်း ဆွေးနွေးသွားမှာပါ။ ကိုဗစ်အပြီးမှာ Streaming လုပ်ငန်းတွေကြောင့် လူတွေက အိမ်မှာပဲ ရုပ်ရှင်ကြည့်လာကြပေမဲ့ Gen Z လူငယ်တွေကတော့ ရုပ်ရှင်ရုံမှာ သွားကြည့်ရတဲ့ အတွေ့အကြုံကို ပိုသဘောကျလာကြပါတယ်။ အရင်ကထက် ဝင်ငွေနည်းနေသေးပေမဲ့ ဒီနှစ်ထွက်မဲ့ကားကြီးတွေကြောင့် မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။

လက်ရှိမှာ “Project Hail Mary” နဲ့ “The Super Mario Galaxy Movie” တို့က ဝင်ငွေကောင်းနေသလို ရှေ့မှာထွက်မယ့် Michael Jackson ရဲ့ ဇာတ်လမ်း “Michael”၊ “The Devil Wears Prada 2″၊ “Star Wars: The Mandalorian and Grogu”၊ “Spider-Man: Brand New Day”၊ “The Odyssey” နဲ့ “Dune” တတိယတွဲတို့ကိုလည်း အားလုံးက စောင့်မျှော်နေကြပါတယ်။ ပွဲအတွင်းမှာလည်း LaKeith Stanfield၊ Queen Latifah နဲ့ ဒါရိုက်တာ James Cameron တို့ကို ဆုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ “Moana” မင်းသမီးလေး Catherine Laga’aia ကလည်း ထူးချွန်တဲ့ မျက်နှာသစ်သရုပ်ဆောင်ဆု ရရှိမှာပဲ ဖြစ်ပါတယ်။

Source : msn.com

Leave a Reply

Your email address will not be published. Required fields are marked *