ဟယ်ရီ စတိုင်လ် နဲ့ ဇိုး ခရာဗစ် တို့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းများ ထွက်ပေါ်လာ

ဟယ်ရီ စတိုင်လ် နှင့် ဇိုး ခရာဗစ် တို့ စေ့စပ်လိုက်ပြီလား

အင်တာနက်စာမျက်နှာတွေပေါ်မှာ မင်းသမီး ဇိုး ခရာဗစ် တစ်ယောက် လက်စွပ်ဝတ်ထားတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ သူမနဲ့ ကမ္ဘာကျော်အဆိုတော် ဟယ်ရီ စတိုင်လ် တို့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း Page Six ကို သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောကြားလာပါတယ်။

ဟယ်ရီ ဟာ ဇိုး အပေါ်မှာ အရမ်းကိုရူးသွပ်နေပြီး သူမအတွက်ဆိုရင် ဘာမဆိုလုပ်ပေးမဲ့အထိ ချစ်မြတ်နိုးနေတာပါလို့ အတွင်းသိတစ်ယောက်က ဆိုပါတယ်။ တစ်ဖက်မှာလည်း ဇိုး တစ်ယောက် အတိုင်းမသိ ပျော်ရွှင်နေပြီး သူတို့ပတ်ဝန်းကျင်က လူတွေကတော့ ဒီကိစ္စအပေါ်မှာ အံ့သြခြင်းမရှိကြပါဘူး။

ပြီးခဲ့တဲ့အပတ်တုန်းက ဇိုး ခရာဗစ် တစ်ယောက် စိန်လက်စွပ်လေး ဝတ်ထားရင်း ဟယ်ရီ စတိုင်လ် ကို နမ်းနေတဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့ပြီးနောက်မှာ စေ့စပ်လိုက်ပြီဆိုတဲ့ ကောလာဟလတွေ စတင်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတုန်းက ရောမ မြို့မှာ အတူတူ လမ်းလျှောက်နေတာကို စတင်တွေ့ရှိခဲ့ရပြီးနောက်ပိုင်း လန်ဒန် မှာလည်း ချစ်သူတွေလို ပွင့်ပွင့်လင်းလင်း သွားလာခဲ့ကြပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအရောက်မှာတော့ ဇိုး က ဟယ်ရီ ကို သူမရဲ့ “ဖူးစာဖက်” လို့တောင် အရင်းနှီးဆုံးသူတွေကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဟယ်ရီ စတိုင်လ် Saturday Night Live အစီအစဉ်ကို တင်ဆက်ပြီးနောက် ကျင်းပတဲ့ ပါတီကိုလည်း ဘရွတ်ကလင်း မှာ လက်တွဲပြီး တက်ရောက်ခဲ့ကြပါတယ်။ ဇိုး ခရာဗစ် ဟာ အရင်က ကားလ် ဂလပ်စ်မန်း နဲ့ လက်ထပ်ခဲ့ဖူးသလို၊ ချန်းနင်း တေတန် နဲ့လည်း ၂၀၂၃ ခုနှစ်မှာ စေ့စပ်ခဲ့ဖူးပါတယ်။ ဟယ်ရီ စတိုင်လ် ကတော့ အရင်က တေလာ ရပ်ဆဲလ်အိုလီဗီယာ ဝိုင်းလ်ကန်ဒယ်လ် ဂျန်နာ နဲ့ တေလာ ဆွစ်ဖ် တို့နဲ့ တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

Source : https://pagesix.com/

Leave a Reply

Your email address will not be published. Required fields are marked *