2NE1 က ဆိုးလ်မြို့မှာ အကြီးကျယ်ဆုံး Reunion ဖျော်ဖြေပွဲ “WELCOME BACK” ပြုလုပ်ခဲ့

2NE1 က ဆိုးလ်မြို့မှာ အကြီးကျယ်ဆုံး Reunion ဖျော်ဖြေပွဲ "WELCOME BACK" ပြုလုပ်ခဲ့

2NE1 က ဆိုးလ်မြို့မှာ အကြီးကျယ်ဆုံး Reunion ဖျော်ဖြေပွဲ “WELCOME BACK” ပြုလုပ်ခဲ့

တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ 2NE1 ဟာ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ အတွင်း ၎င်းတို့ရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “WELCOME BACK” ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အိုလံပစ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

2NE1 အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိအတွင်း သူတို့ရဲ့တမူထူးခြားတဲ့စတိုင်တွေနဲ့ ဖျော်ဖြေမှုပုံစံတွေ၊ သီချင်း ကောင်းတွေကြောင့် အားပေးသူပရိသတ်များစွာရရှိထားတာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ CL၊ Park Bom၊ Dara နဲ့ Minzy တို့ ပါဝင်ပြီး ၄ ယောက်လုံးက တစ်ယောက်ချင်းစီအနေနဲ့လည်း အောင်မြင်ကြသူတွေ ဖြစ်ကြပါတယ်။

2NE1 အဖွဲ့ဟာ ၂၀၁၇ ခုနှစ်လောက်ကစ ပရိသတ်ရှေ့ အဖွဲ့လိုက်အနေနဲ့ပေါ်ထွက်လာခြင်း၊ အဖွဲ့လိုက်သီချင်းသစ်တွေ ထွက်ပေါ်လာခြင်း မရှိခဲ့ပေမဲ့ အခုထိ Disband မဖြစ်သေးတဲ့ အံ့ဩစရာ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ နှစ်တွေကြာမြင့်မှ ပြန်ပေါ်လာတဲ့ အခု “Welcome Back” ဖျော်ဖြေပွဲဟာ 2NE1 ရဲ့ လူကြိုက်များတဲ့သီချင်းများစွာနဲ့ အတိတ်ကို ပြန်လွမ်းဆွတ်ဖွယ်ရာ ဖျော်ဖြေတင်ဆက်မှုဖြစ်ခဲ့ပြီး ကြည့်ရှုသူ လူဦးရေ သန်းပေါင်းများစွာထိရှိတယ်လို့ သိရပါတယ်။

Source : koreaboo.com

#xda77 #xda77digital #2NE1

Leave a Reply

Your email address will not be published. Required fields are marked *