နည်းပညာကုမ္ပဏီကြီး Google ရဲ့ ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဟာ Google Pixel ဖုန်းတွေ ရောင်းချခြင်းကို ပိတ်ပင်လိုက်တယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်း ဟာ Apple ရဲ့ iPhone 16 ရောင်းချမှုကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဖုန်းတွေကို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အင်ဒိုနီးရှားရဲ့ကန့်သတ်ချက်ကတော့ ဖုန်းတွေမှာ အင်ဒိုနီးရှားရဲ့ source ၄၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
“ထုတ်ကုန်တွေက ကျွန်တော်တို့လိုအပ်တဲ့ အစီအစဉ်နဲ့မကိုက်ညီသရွေ့ အင်ဒိုနီးရှားမှာ ရောင်းချလို့ မရပါဘူး” လို့ စက်မှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖီဘရီဟန်ဒရီအန်တိုနီအာရစ်က ကြာသပတေးနေ့ (အောက်တိုဘာ ၃၁ ရက်) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့စမတ်ဖုန်းစျေးကွက်မှာ ယခုနှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်ကုမ္ပဏီ Xiaomi ၊ Oppo နဲ့ Vivo ၊ တောင်ကိုရီးယား ကုမ္ပဏီ Samsung တို့က လွှမ်းမိုးထားတယ်လို့ Counterpoint Research အရ သိရပါတယ်။ ရောင်းဝယ်မှုကနေ ပိတ်ပင်ခံထားရတဲ့ဖုန်းတွေကို နိုင်ငံထဲမှာ ရောင်းဝယ်ခွင့်မပြုပေမဲ့ သယ်ဆောင်လာလို့တော့ ရတယ်လို့ ဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
Apple ဟာ အင်ဒိုနီးရှားမှာ တရားဝင်စတိုးဆိုင် မရှိပေမဲ့ အမှုဆောင်အရာရှိချုပ် တင်ကွခ်ကတော့ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းတွေကို ရှာဖွေနေပြီး ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
Source : techcrunch.com
#xda77 #xda77digital #iPhone16 #GooglePixel #အင်ဒိုနီးရှား #Apple