ကမ္ဘာကျော် Pop အဆိုတော် Taylor Swift ဟာ နောက်ထပ်စံချိန်တစ်ခုကို ချိုးဖျက်လိုက်ပြန်ပါပြီ။ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ကျင်းပပြုလုပ်တဲ့ 2024 Billboard Music Awards (BBMA) မှာ တေလာဆွဖ်က စုစုပေါင်းဆု ၄၉ ခုထိ ရရှိတဲ့ ပထမဆုံး BBMA ဆုရှင်ဖြစ်လာခဲ့ပါတယ်။

သူမဟာ ထိပ်တန်းအနုပညာရှင်၊ ထိပ်တန်းအမျိုးသမီးအဆိုတော်၊ ထိပ်တန်း Billboard 200 အနုပညာရှင်၊ ထိပ်တန်း Hot 100 အနုပညာရှင်၊ Hot 100 တေးရေးဆရာ၊ ထိပ်တန်းအဆိုတော်နဲ့ ထိပ်တန်း Billboard 200 အပါအဝင် အမျိုးအစားအလိုက်ဆုတွေအတွက် ဆု ၁၀ ဆု ရရှိခဲ့သလို ဒီပွဲမှာ တေလာက စုစုပေါင်း ဆု ၄၉ ခုနဲ့ ပထမဆုံး ဆုအများဆုံး တေးသံရှင် ဖြစ်လာခဲ့ပြီး သူမရဲ့နောက်၊ ထိတ်တန်း အဆိုတော် Drake က စုစုပေါင်း ဆု ၄၂ ဆုနဲ့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
ဒီအတွက် တေလာဆွဖ် က ဒါဟာ သူမရဲ့ ၃၅ နှစ်မြောက် မွေးနေ့အတွက် အစောဆုံး မွေးနေ့လက်ဆောင်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
တေလာဆွဖ်ဟာ ၂၀၂၂ ခုနှစ်ကလည်း Billboard Hot 100 မှာ အဲဒီနှစ်က ထွက်ရှိတဲ့ “Midnights” သီချင်းနဲ့ ထိပ်တန်း ၁၄ နေရာကိုရယူပြီး ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်ခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ်ရဲ့ Billboard Music Awards ပွဲကို ကြာသပတေးနေ့( ဒီဇင်ဘာ ၁၃ ရက်) ညနေပိုင်းက ကျင်းပခဲ့ပြီး ဖျော်ဖြေသူတွေအနေနဲ့ Coldplay၊ Linkin Park၊ Shaboozey နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Source : uk.news.yahoo.com
#တေလာဆွစ်ဖ် #BillboardMusicAwards