DeepSeek-V3 AI ကို ကျော်လွန်နိုင်မဲ့ AI မော်ဒယ်သစ်ကို Alibaba က ထုတ်

DeepSeek-V3 AI ကို ကျော်လွန်နိုင်မဲ့ Alibaba AI

တရုတ်နည်းပညာကုမ္ပဏီ Alibaba ဟာ Qwen 2.5 ဉာဏ်ရည်တု မော်ဒယ်လ်ဗားရှင်းအသစ်ကို ဇန်နဝါရီ ၂၉ ရက် မှာ အများပြည်သူရှေ့ထုတ်ပြခဲ့ပြီး အခုလက်ရှိရေပန်းစားနေတဲ့ DeepSeek-V3 AI ထက် သာလွန်တယ်လို့ ဆိုထားပါတယ်။

Qwen 2.5-Max AI ဟာ တရုတ်နှစ်သစ်ကူးပွဲတော် ပထမနေ့၊ တရုတ်လူမျိုး အများစုအလုပ်ပိတ်ချိန်၊ DeepSeek AI စတင်မိတ်ဆက်တဲ့ သီတင်းပတ်သုံးပတ်အတွင်းမှာ ပေါ်ထွက်လာတာဖြစ်ပြီး ဒါဟာတရုတ်ရဲ့ ပြည်တွင်း AI ပြိုင်ဆိုင်မှုလည်းဖြစ်လာပါတယ်။

Qwen 2.5-Max ဟာ GPT-4o၊ DeepSeek-V3 နဲ့ Llama-3.1-405B နီးပါး စွမ်းဆောင်နိုင်တယ်” လို့ OpenAI နဲ့ Meta ကို ရည်ညွှန်းပြီး Alibaba ရဲ့ cloud unit က ၄င်းရဲ့တရားဝင် WeChat အကောင့်မှာ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်က ထွက်ရှိတဲ့ DeepSeek ရဲ့ AI assistant ၊ဇန်နဝါရီ ၂၀ ရက်က ထွက်ရှိတဲ့ DeepSeek-V3 မော်ဒယ်ဟာ တရုတ် Start Up တည်ထောင်သူတွေ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတယ်လို့ယူဆပြီး နည်းပညာရှယ်ယာတွေ ကျဆင်းနေချိန်၊ အသုံးပြုမှုကုန်ကျစရိတ်တွေအတွက် ရင်းနှီးမြုပ်နှံသူတွေ အမေရိကန် AI ကုမ္ပဏီတွေကို မျက်စိကျနေချိန်မှာ ရင်းနှီးမြုပ်နှံမှုအတွက် ပြန်မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ဒါပေမဲ့ DeepSeek ရဲ့ အောင်မြင်မှုဟာ ပြည်တွင်းပြိုင်ဘက်တွေကြား ယှဉ်ပြိုင်မှုကို အရှိန်မြင့်စေတယ်လို့ သိရပါတယ်။

Source : reuters.com

Leave a Reply

Your email address will not be published. Required fields are marked *