“ဒီရာသီမှာ အာဆင်နယ်မှတ်တမ်းတင်ရုပ်ရှင် ရိုက်နေရင် ကောင်းမှာပဲ” လို့ အာတီတာ ဆို

အာဆင်နယ်နှင့် မှတ်တမ်းတင်ရုပ်ရှင်

မီခေးလ် အာတီတာ က သူ့ရဲ့ အာဆင်နယ် ကစားသမားတွေဆီကနေ ပြင်းပြတဲ့ စိတ်ဓာတ်မျိုး မြင်ချင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ပင်ပန်းနွမ်းနယ်နေတဲ့ ခြေစွမ်းမျိုးကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဂန်းနားတို့ဟာ ချန်ပီယံလိဂ် ဆမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ လိုအပ်တာတွေကိုတော့ လုပ်ပြနိုင်ခဲ့ပါတယ်။

ပထမအကျော့က ကိုင် ဟာဗက်ဇ် ရဲ့ သွင်းဂိုးနဲ့ အခု အိမ်ကွင်းမှာ စပို့တင်းနဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဆင်နယ်ဟာ နှစ်နှစ်ဆက်တိုက် ဆီးမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ ဒါဟာ ကလပ်ရဲ့ ၁၄၀ ကျော် သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အာတီတာ က “ဒီရာသီမှာသာ အာဆင်နယ်ရဲ့ မှတ်တမ်းတင်ရုပ်ရှင် (Documentary) ကို ရိုက်ကူးနေရင် သိပ်ကောင်းမှာပဲ။ အခု ကျွန်တော်တို့ ကလပ်အနေနဲ့ ရောက်ရှိနေတဲ့ အနေအထားကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါ” လို့ ပြောကြားခဲ့ပါတယ်။

အသင်းမှာ ဆာကာအိုဒီဂတ်တင်ဘာ နဲ့ ကာလာဖီယိုရီ တို့လို အဓိကကစားသမားတွေ ဒဏ်ရာရနေပေမဲ့လည်း အခုလို အောင်မြင်မှု ရခဲ့တာပါ။ ဒါပေမဲ့ လာမဲ့ တနင်္ဂနွေနေ့မှာတော့ မန်စီးတီးနဲ့ အရေးကြီးတဲ့ ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး နိုနီ မာဒူအေကီ ပါ ထပ်ပြီး ဒဏ်ရာရသွားတာကြောင့် အာဆင်နယ်အတွက် စိုးရိမ်စရာတွေ ရှိနေပါတယ်။

လက်ရှိမှာ အာဆင်နယ်ဟာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၆ မှတ်အသာနဲ့ ဇယားထိပ်မှာ ရှိနေပါတယ်။ ဒါပေမဲ့ အတိုက်အစစ်ပိုင်း အားနည်းနေတာကြောင့် အီတီဟတ်ကွင်းမှာ ခံစစ်ကိုပဲ အဓိကထား ကစားရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အာတီတာ ကတော့ “အခုအချိန်မှာ ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာကပဲ အရေးကြီးဆုံးဖြစ်ပြီး ဒါက ဖလားရဖို့အတွက် အဆုံးအဖြတ် ဖြစ်လာလိမ့်မယ်” လို့ ဆိုပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *