ယူရိုပါချန်ပီယံ အဓိကကစားသမားတွေ ဆုံးရှုံးနေရတဲ့ ဗီလာ နဲ့ နည်းပြ အမ်မရီ ရဲ့ ရင်ဆိုင်ဖြေရှင်းရမဲ့ အခက်အခဲများ

အက်စတွန်ဗီလာ အပြောင်းအရွှေ့

အက်စတွန်ဗီလာ ရဲ့ ဥရောပအောင်ပွဲရှင် ကစားသမားတွေဟာ သမိုင်းဝင်အဖြစ် ကျန်ရစ်ခဲ့ပါပြီ။

မေလတုန်းက ဖရိုင်းဘတ် ကိုအနိုင်ယူပြီး ယူရိုပါလိဂ် ဖလားကိုရယူနိုင်ခဲ့ကာ အသင်းရဲ့ နှစ် ၃၀ ကြာ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ အပြောင်းအရွှေ့ကာလမပြီးခင်မှာပဲ အဆိုပါပွဲထွက်လူစာရင်း ၁၁ ယောက်ထဲက ၆ ယောက်အထိ လက်လွှတ်ရမဲ့ အခြေအနေ ဖြစ်နေပါတယ်။

အာဆင်နယ် ကို ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့တော့မဲ့ အက်ဇရီ ကွန်ဆာ ရဲ့ အပြောင်းအရွှေ့ဟာ နည်းပြ အူနိုင်း အမ်မရီ ရဲ့ အသင်းလူစာရင်း အပြောင်းအလဲကြီးမားမှုထဲက နောက်ဆုံးထွက်ခွာမှု ဖြစ်လာပါတယ်။

အစ္စတန်ဘူလ် ဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့ကြတဲ့ ယူရီ တီလေမန်းစ် နဲ့ မော်ဂန် ရော်ဂျာစ် တို့ ပြီးခဲ့တဲ့လက ထွက်ခွာသွားခဲ့ပြီး ရော်ဂျာစ် ရဲ့ ချယ်လ်ဆီး သို့ ပေါင် ၁၁၇ သန်းနဲ့ ပြောင်းရွှေ့မှုဟာ အင်္ဂလန်ကစားသမားတွေထဲ စံချိန်တင်ခဲ့ပါတယ်။

လူကပ်စ် ဒစ်ဂ်ညဲ ကို ပီအက်စ်ဂျီ ဆီ ရောင်းထုတ်ခဲ့သလို ဂျူဗင်တပ်စ် ဆီ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ ဂိုးသမား အီမီ မာတီနက်ဇ် အတွက် နေရာအစားထိုးဖို့ ဇီယွန် ဆူဇူကီး ကို ခေါ်ယူထားတာကြောင့် အဖြေရှာရပါဦးမယ်။

တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ကို စာချုပ်သစ်ကမ်းလှမ်းထားပေမဲ့ စက်တင်ဘာ ၁ ရက် အပြောင်းအရွှေ့မပိတ်မီ အယ်လ်ဟီလယ် ရဲ့ ကမ်းလှမ်းမှုနဲ့ ထပ်မံရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲ ပွဲထွက်လူစာရင်းထဲက မက်တီ ကက်ရှ်ပေါ တောရက်စ်ဗစ်တာ လင်ဒီလော့ဖ်ဂျွန် မက်ဂင်း နဲ့ အီမီ ဘူအန်ဒီယာ တို့သာ အသင်းမှာ ကျန်ရှိတော့မှာပါ။

ဗီလာ က ဘာကြောင့် ကစားသမားတွေကို ရောင်းထုတ်နေရတာလဲ?

ဗီလာ ဟာ စည်းမျဉ်းစည်းကမ်းတွေအရ မလွှဲမရှောင်သာ ကစားသမားရောင်းထုတ်နေရတဲ့ အသင်းဖြစ်ပါတယ်။ ဘောလုံးကဏ္ဍက ရရှိတဲ့ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကိုသာ လုပ်ခလစာ၊ ပြောင်းရွှေ့ကြေးနဲ့ အေးဂျင့်ကြေးတွေအတွက် သုံးစွဲခွင့်ပြုတဲ့ ယူအီးအက်ဖ်အေ ရဲ့ SCR စည်းမျဉ်းကို လိုက်နာရမှာဖြစ်ပါတယ်။

ဒီစည်းမျဉ်းဖောက်ဖျက်မှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၉.၅ သန်း၊ ဇွန်လမှာ ပေါင် ၁၉.၄ သန်း ဒဏ်ရိုက်ခံခဲ့ရတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာလက်တွန့်နေရတာပါ။ ပရီးမီးယားလိဂ် ရဲ့ PSR စည်းမျဉ်းအရလည်း ၃ နှစ်တာ ကာလအတွင်း ပေါင် ၁၀၅ သန်းထက် ပိုပြီး အရှုံးမခံနိုင်ပါဘူး။

ဗီလာ ဟာ ၂၀၂၅ ခုနှစ် အကောင့်စာရင်းတွေမှာ အခွန်ဆောင်ပြီး အမြတ်ငွေ ပေါင် ၁၇ သန်း ပြသနိုင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ်တွေက ပေါင်သန်းပေါင်းများစွာ အရှုံးပေါ်ခဲ့ပါတယ်။

“ဒါဟာ စည်းမျဉ်းတွေကြောင့် မဖြစ်မနေ လုပ်ဆောင်ရတာပါ။ PSR နဲ့ SCR ပြဿနာတွေက အားလုံးသိပြီးသားပါ။ ဒီလို အကန့်အသတ်တွေကြောင့် ကစားသမားအပြောင်းအလဲများပြားလာပြီး နည်းပြ အမ်မရီ အတွက် အစားထိုးဖို့ ပြဿနာကြီး ဖြစ်လာပါတယ်” လို့ ဗီလာ အမှုဆောင်ဟောင်းတစ်ဦးက ဘီဘီစီ စပေါ့တ် ကို ပြောကြားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *