မက်ဆီ ကို စံချိန်တင်စာချုပ်ချုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲဆိုတာ ဘာစီလိုနာ ဥက္ကဋ္ဌဟောင်း ဘာတိုမေး ဖွင့်ဟ

မက်ဆီ နှင့် ဘာစီလိုနာ စာချုပ်

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျိုးဆက် မာရီယာ ဘာတိုမေး က ၂၀၁၇ ခုနှစ်တုန်းက တခြားအသင်းတစ်သင်းက လီယွန်နယ် မက်ဆီ ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာကို သိလိုက်ရပြီးနောက်မှာ အသင်းကနေ လက်မလွှတ်ရအောင် စာချုပ်အမြန်သက်တမ်းတိုးခဲ့ရတာလို့ ပြောလိုက်ပါတယ်။

ABC နဲ့ အင်တာဗျူးမှာ ဘာတိုမြူ က နေမာ တစ်ယောက် ပီအက်စ်ဂျီ အသင်းကို ထွက်သွားခဲ့တာဟာ သူတို့ရဲ့ အစီအစဉ်ထဲမှာ မပါဘဲ ရုတ်တရက် ဖြစ်သွားခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ နေမာ ထွက်သွားတဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ အူစမန် ဒီမ်ဘီလီ ကို ခေါ်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီနွေရာသီမှာပဲ အခြေအနေတွေက ပိုပြီး စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ ဩဂုတ်လမှာ နေမာ ထွက်သွားပြီးနောက်မှာ တခြားကလပ်အသင်းတစ်ခုက မက်ဆီ ရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း ၄၀၀ ကိုပေးပြီး ခေါ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို ရရှိခဲ့ပါတယ်။ အဲ့ဒီအတွက် မက်ဆီ နဲ့ သူ့အဖေကို ခေါ်ယူတွေ့ဆုံပြီး စာချုပ်သစ်ချုပ်ဖို့နဲ့ စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၇၀၀ အထိ တိုးမြှင့်ဖို့ ကမ်းလှမ်းခဲ့ရတာပါ။ ဒါကို ၂၀၁၇ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဘာတိုမေး က မက်ဆီ ရဲ့ လစာနဲ့ ပတ်သက်ပြီးတော့လည်း သူဟာ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အသင်းအတွက် ပေးဆပ်ခဲ့တာတွေနဲ့ ကြည့်ရင် ဒီလစာက ပေးသင့်ပေးထိုက်တယ်လို့ ကာကွယ်ပြောဆိုသွားပါတယ်။ “ကျွန်တော်တို့ သူ့ကို အကာအကွယ်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ နေမာ အတွက်တောင် ယူရို ၂၂၂ သန်း ပေးနိုင်ရင် မက်ဆီ အတွက် သန်း ၄၀၀ ပေးမယ့်သူ ရှိနိုင်တာမို့ အသင်းကနေ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်လို့ပါ” လို့ သူက ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာ မက်ဆီ အသင်းကနေ ထွက်ခွာချင်လို့ စာပို့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အဲ့ဒီတုန်းက သူက လုံးဝ ထွက်ခွင့်မပေးခဲ့တာဖြစ်ကြောင်း၊ မက်ဆီ ဟာ အားကစားဘက်မှာတင် မကဘဲ ငွေရေးကြေးရေးအရပါ အသင်းအတွက် အရေးပါလွန်းလို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားကို အသင်းမှာ ဆက်ရှိနေစေချင်ခဲ့တာပါလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

နီဂရီရာ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့လည်း ၂၀၁၈ ခုနှစ်မှာ ဒိုင်လူကြီးကော်မတီ ဒု-ဥက္ကဋ္ဌဟောင်းရဲ့ သားဖြစ်သူ ဟာဗီယာ အင်းနရစ်ကွက်စ် နဲ့ လက်တွဲဖြတ်ခဲ့တာဟာ ငွေကုန်ကြေးကျ သက်သာအောင်လို့သာ ဖြစ်ပြီး ဘာအမှားအယွင်းမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။ “ဒိုင်လူကြီးဝယ်တာ၊ ပွဲရလဒ်ပြင်ဆင်တာမျိုး လုံးဝ မရှိခဲ့ပါဘူး” လို့ သူက အခိုင်အမာ ပြောသွားပါတယ်။

နောက်ဆုံးအနေနဲ့ အသင်းကို ဘဏ္ဍာရေး ပျက်စီးအောင် လုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ငြင်းဆိုလိုက်ပြီး ကိုဗစ် ကပ်ရောဂါကြောင့်သာ ဝင်ငွေ ယူရို သန်း ၅၀၀ လောက် ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း၊ ဒါဟာ လာလီဂါ ရဲ့ အစီရင်ခံစာတွေမှာလည်း ပါဝင်ပါတယ်လို့ ချေပသွားပါတယ်။

Source : https://en.as.com/

Leave a Reply

Your email address will not be published. Required fields are marked *