အင်တာမီလန် မှာ ယန်း ဆွန်မာ ကို ဆက်ရှိစေချင်တယ်လို့ ဂိုးသမားဟောင်း အီဗာနို ဘော်ဒွန် ပြောကြား

ယန်း ဆွန်မာ နှင့် အင်တာမီလန်

အင်တာမီလန် အသင်းရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ အီဗာနို ဘော်ဒွန် က ယန်း ဆွန်မာ ကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန် ဂိုးသမားဟာ အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နီရာဇူရီ တို့ဆီကနေ ထွက်ခွာဖို့ ရှိနေတာပါ။

ဒါပေမဲ့ ဘော်ဒွန် က တူတိုစပေါ့တ် ကို အခုလို ပြောခဲ့ပါတယ် ” ဆွန်မာ ဟာ အရမ်းကောင်းမွန်ခဲ့သလို အတွေ့အကြုံတွေလည်း ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ကြောင်းလည်း သက်သေပြခဲ့ပြီးပါပြီ။ ဒီလိုနေရာမျိုးမှာ ကစားနေတဲ့သူတွေ ဂိုးပေးလိုက်ရတဲ့အခါ ဝေဖန်ဖို့က လွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အမှားသေးသေးလေးတွေကို လိုက်ရှာနေကြလို့ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဆွန်မာ ဟာ အင်တာမီလန် အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့ အခြေအနေတွေကို ယူဆောင်လာပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။

“သူသာ အသင်းမှာ ဆက်နေချင်ပြီး ပွဲထွက်ဂိုးသမားဖြစ်လာမဲ့ ကစားသမားကို ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့အရာ ဖြစ်ပါလိမ့်မယ်။ သူထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း သူ့အသက်အရွယ်နဲ့ ဒါဟာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ နီရာဇူရီ တို့နဲ့အတူ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို အဆုံးသတ်နိုင်မှာပါ” လို့ ဘော်ဒွန် က ဆက်ပြောခဲ့ပါတယ်။

Source : https://www.tribalfootball.com/

Leave a Reply

Your email address will not be published. Required fields are marked *