ဘာစီလိုနာ အသင်းဟာ အယ်လ်ဟီလာ အသင်းဆီကနေ ဂျိုအို ကန်ဆယ်လို ရဲ့ အပြီးသတ် ပြောင်းရွှေ့ကြေးကို လာမဲ့ရက်ပိုင်းအတွင်း အပြီးသတ်တော့မှာဖြစ်တာကြောင့် အားဖြည့်မှုတစ်ခု ထပ်မံပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
Diario SPORT ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ နဲ့ ဆော်ဒီကလပ်တို့အကြား ဒီသီတင်းပတ်ကုန်မှာ ဆွေးနွေးမှုတွေ တိုးတက်မှုရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ “နီးစပ်နေပြီ” ဖြစ်ပြီး ယူရို ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပေါ်တူဂီ နောက်ခံလူဟာ ကမ္ဘာ့ဖလားအပြီးမှာ အယ်လ်ဟီလာ အသင်းဆီ ပြန်မသွားဘဲ ဒီအပတ်ထဲမှာ ပေါ်တူဂီမှာ တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းနေတာကိုတွေ့ရှိခဲ့ရပြီး ထွက်ခွာဖို့ အပြီးသတ်ဆောင်ရွက်နေတာကြောင့် မလာရောက်နိုင်တာကို ကလပ်ဘက်က သဘောတူညီထားကြောင်း ဆော်ဒီဘက်က သတင်းတွေက အတည်ပြုခဲ့ပါတယ်။
ကန်ဆယ်လို ကို ခေါ်ယူတာဟာ ဒီနွေရာသီမှာ ဘာစီလိုနာ အတွက် သော့ချက်ကျတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် သတ်မှတ်ထားသလို ပြီးခဲ့တဲ့ရာသီ ဒုတိယဝက် အငှားကာလအတွင်း ကန်ဆယ်လို နဲ့ တွဲဖက်လုပ်ကိုင်ရတာကို သဘောကျခဲ့တဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ် ရဲ့ ကိုယ်တိုင်တောင်းဆိုမှုလည်း ဖြစ်ပါတယ်။
ကန်ဆယ်လို ရောက်ရှိလာမှုက လူငယ်နောက်ခံလူတွေ ဖြစ်ကြတဲ့ ဟက်တာ ဖော့သ်၊ ဇာဗီ အက်စ်ပတ် နဲ့ ဂျော့ဖ်ရီ တိုရန့်စ် တို့ကို အခြားအသင်းတွေမှာ ပွဲထွက်ခွင့်ရဖို့ အငှားထွက်ခွာစေတော့မှာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ် ဟာ လာမဲ့ရာသီလူစာရင်းမှာ ညာနောက်ခံလူအဖြစ် ဂျူးလစ် ကွန်ဒေ၊ အဲရစ် ဂါစီယာ တို့နဲ့ စုဖွဲ့မှာဖြစ်ပြီး ဘယ်နောက်ခံလူနေရာမှာတော့ အလက်ဆန်ဒရို ဘာဒီ နဲ့ ကန်ဆယ်လို တို့ကို မျှဝေသုံးစွဲဖို့ စီစဉ်နေပါတယ်။
Source : https://www.barcablaugranes.com/




