အာဆင်နယ် အသင်း ကစားသမားနှစ်ဦး ထပ်မံခေါ်ယူရန် နီးစပ်နေပြီး အပြောင်းအရွှေ့ဈေးကွက်ထဲ လှုပ်ရှားမှုတွေ မြင်တွေ့ရတော့မယ်လို့ အာတီတာ ပြောကြား

အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် အသင်းနည်းပြ မီခေးလ် အာတီတာ က ကစားသမားနှစ်ဦး ခေါ်ယူဖို့ နီးစပ်နေပြီး အပြောင်းအရွှေ့ဈေးကွက်အတွင်း အမြန်ဆုံး လှုပ်ရှားမှုတွေ ရှိလာတော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂန်းနား တွေဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိတ်ဆိတ်နေခဲ့တာပါ။ လက်ရှိအချိန်အထိ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အီလန် မက်စလီယာ နဲ့ ကလပ်ဘရဂ် အသင်းကနေ ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ခရစ္စတို စတိုလစ် တို့ကိုပဲ ခေါ်ယူထားနိုင်ပါသေးတယ်။ ဘေယာ လေဗာကူဆင် အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ပီယာရို ဟင်ကာပီ ကို အပြီးသတ်စာချုပ်ချုပ်ဆိုထားပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းဟာ စက်တင်ဘာလဆန်း အပြောင်းအရွှေ့ ပိတ်သိမ်းရက်မတိုင်မီ အလုပ်ရှုပ်နေဦးမယ်လို့ မျှော်လင့်ရပါတယ်။

အီးမီးရိတ်စ် ကွင်းဆီ ပြောင်းရွှေ့ဖို့ သတင်းကြီးနေသူကတော့ နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရိုက်စ် ဖြစ်ပြီး ဘရာဇီးလ် တိုက်စစ်ကစားသမားဟာ တနင်္လာနေ့တည်းက ဆေးစစ်မှုပြုလုပ်တော့မယ်လို့ အချို့သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ စာချုပ်သစ် ကိစ္စ စကားပြောဆိုနေတဲ့ ရီးရဲလ် မက်ဒရစ် စူပါစတား ဗီးနီးစီးယပ်စ် ဂျူနီယာ ကိုလည်း ခေါ်ယူဖို့ လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

စနေနေ့ညက ရာသီကြိုပွဲစဉ်မှာ ဂျီရိုနာ အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာတော့ အာတီတာ က အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းစကား ပါးသွားခဲ့ပါတယ်

“ကျွန်တော်တို့ အသင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် တကယ်ကို တက်တက်ကြွကြွ ကြိုးစားနေပါတယ်။ ဒါကတော့ ရှင်းပါတယ်။ လာမဲ့သီတင်းပတ်တွေမှာ လှုပ်ရှားမှုတွေ ရှိလာဖို့ မျှော်လင့်ထားပါတယ်။ တခြားအသင်းတွေလိုပဲ ကျွန်တော်တို့လည်း ပိုကောင်းလာချင်တာ သဘာဝပါပဲ”

“ဒီအပြောင်းအရွှေ့ ဈေးကွက်နဲ့ ကျွန်တော်တို့ ပြိုင်ဘက်တွေ လုပ်ဆောင်နေတာကိုကြည့်ရင် ကျွန်တော်တို့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ချင်တဲ့ အရာတွေပေါ်မှာ အပြည့်အဝ မျှော်မှန်းချက်တွေ ထားရှိထားပါတယ်” လို့ အာတီတာ က ပြောကြားခဲ့ပါတယ်။

ဂီမာရိုက်စ် အတွက် အာဆင်နယ် ရဲ့ ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းမှုကို နယူးကာဆယ် က လက်ခံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တိုင်းဆိုက်ဒ် က သတင်းအရင်းအမြစ်တွေကတော့ အသက် ၂၈ နှစ်အရွယ် ကစားသမားအတွက် နှစ်သင်းကြား တိုက်ရိုက် ဆက်သွယ်မှု မရှိသေးဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။ အမှန်တကယ်တော့ ဘရာဇီးလ် ကစားသမားဟာ ကမ္ဘာ့ဖလားအပြီး နားရက်ရှည်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ လာမန်ဂါ ရှိ နယူးကာဆယ် အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးစခန်းကို သွားရောက် ပူးပေါင်းမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း အာဆင်နယ် အသင်းဟာ အတွေ့အကြုံရှိ ကွင်းလယ်လူ ခရစ်ရှန် နိုးဂတ် ကို အဲဗာတန် အသင်းထံ ပေါင် ၇ သန်းနဲ့ ရောင်းချဖို့ ဆေးစစ်မှုပြုလုပ်တော့မှာဖြစ်လို့ တစ်ရာသီအကြာမှာပဲ လက်လွှတ်ရတော့မယ်လို့ The Athletic က ဖော်ပြထားပါတယ်

Source : https://www.standard.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *