အမ်ဘာပေ ကို ခေါ်ယူဖို့ သီးသန့်ဂျက်လေယာဉ်နဲ့ စည်းရုံးခဲ့ဖူးတဲ့အကြောင်း ယူရဂင် ကလော့ပ် ဖွင့်ဟ

ယူရဂင် ကလော့ပ် အမ်ဘာပေ

လီဗာပူး အသင်းနည်းပြဟောင်း ယူရဂင် ကလော့ပ် က ၂၀၁၇ ခုနှစ်မှာ ပါရီစိန့်ဂျာမိန်း အသင်းဆီ မပြောင်းရွှေ့ခင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ကို ခေါ်ယူဖို့အတွက် လီဗာပူး အသင်းက သီးသန့်ဂျက်လေယာဉ်နဲ့ အစားအသောက်တွေအထိ စီစဉ်ပေးပြီး စည်းရုံးခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။

အဲဒီအချိန်တုန်းက အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ မိုနာကို တိုက်စစ်မှူးကို စည်းရုံးခဲ့ရတာဟာ ကလပ်အသင်းအတွက်တော့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တဲ့အထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပဲလို့ ဂျာမနီ သားကြီးက ပြောပါတယ်။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ ပြင်သစ် က မော်ရိုကို ကို မနိုင်ခင်မှာ မာဂျင်တာ တီဗီ ရဲ့ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကလော့ပ် က လက်ရှိ ရီးရဲလ် မက်ဒရစ် ကစားသမားကို လီဗာပူး က တကယ်လိုချင်ခဲ့တာလို့ ပြောသွားတာပါ။

သူက ဘလက်ပူးလ် ကနေ ပြင်သစ် နိုင်ငံ နီးစ် မြို့ဆီ လေယာဉ်နဲ့သွားခဲ့ပုံကို ရှင်းပြခဲ့ပြီး “အမ်ဘာပေ ရဲ့ မိသားစုတစ်ခုလုံးဟာ အခန်းငါးခန်းလောက် ပါတဲ့ သီးသန့်ဂျက်လေယာဉ်ပေါ် တက်ခဲ့ကြတယ်” လို့ ဆိုပါတယ်။

အခု အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ အမ်ဘာပေ ရဲ့ အကျိုးဆောင်ကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအတွက် အကြံပေးကုမ္ပဏီ ဖွင့်ထားတဲ့ သူ့ရဲ့မိခင်ဖြစ်ပါတယ်။

“ကျွန်တော်တို့ တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့တာပါ။ လေယာဉ်နဲ့ ကောင်းကင်မှာဝဲပျံရင်း မိသားစုနဲ့ စကားပြောခဲ့ကြတယ်၊ အစားအသောက်ကောင်းတွေ စားခဲ့ကြတယ်” လို့ ကွင်းဘေးမှာ ကလော့ပ် က ပြောခဲ့ပါတယ်။

သူတို့ ဆွေးနွေးနေတာကို အများအမြင်မှာ မပေါ်စေချင်ခဲ့ပေမဲ့ အဲဒီတွေ့ဆုံမှုကတော့ အရာမထင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ အမ်ဘာပေ ဟာ ယူရို သန်း ၁၈၀ (ပေါင် ၁၅၃ သန်း) နဲ့ အပြီးသတ်ဝယ်ယူခွင့် အပိုဒ်ခွဲပါဝင်တဲ့ အငှားစာချုပ်နဲ့ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ပါရီ မှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ကာ ၂၀၂၄ ခုနှစ်မှာတော့ ရီးရဲလ် မက်ဒရစ် ဆီ ပြောင်းရွှေ့သွားခဲ့တာပါ။

“ကျွန်တော်တို့ လေယာဉ်နဲ့ ပတ်ပျံခဲ့ကြတယ်။ တကယ့်ကို အံ့သြဖို့ကောင်းခဲ့ပေမဲ့ နောက်ဆုံးတော့ သူက ပါရီ ကိုပဲ ရွေးချယ်သွားခဲ့တယ်” လို့ ကလော့ပ် က ဆိုပါတယ်။

အသက် ၅၉ နှစ်အရွယ် ကလော့ပ် ဟာ မာဆေးဆိုဒ် မြေမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ မထွက်ခွာခင် ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေကို အရယူပေးနိုင်ခဲ့ပါတယ်။

သူ့ကို ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နောက်ထပ် နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ များစွာရေပန်းစားနေပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *