လီဗာပူးလ် အသင်းဟာ ဘာစီလိုနာ ခံစစ်မှူး ရော်နယ် အာရာအူဟို ကို တစ်ရာသီ ငှားရမ်းစာချုပ်နဲ့ ခေါ်ယူဖို့ အံ့အားသင့်ဖွယ် သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
ဒီသဘောတူညီမှုဟာ အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ပြန်ဝယ်ယူခမပါတဲ့ ရိုးရိုးငှားရမ်းစာချုပ် ဖြစ်ပါတယ်။ အာရာအူဟို ဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘာစီလိုနာ နဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုထားတာပါ။
ဥရုဂွေး လက်ရွေးစင် ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ ဘာစီလိုနာ ဘီအသင်းဆီ ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ပထမအသင်းကြီးဆီ မြှင့်တင်ခြင်း ခံခဲ့ရပါတယ်။
အသက် ၂၇ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ခံစစ်မှူး အီဘရာဟီမာ ကိုနာတေး က ရီးရဲလ် မက်ဒရစ် ဆီ ပြောင်းရွှေ့သွားခဲ့တာ၊ အတွေ့အကြုံ မရှိသေးတဲ့ အသက် ၂၁ နှစ်အရွယ် ဂျယ်ရီမီ ဂျက်ကေး ရဲ့ ကြံ့ခိုင်မှု ပူပန်စရာဖြစ်နေတာတွေကြောင့် နည်းပြ အန်ဒိုနီ အီရာအိုလာ ရဲ့ ခံစစ်တန်းအတွက် အဓိက အားဖြည့်မှု ဖြစ်လာမှာပါ။
ရန်းစ် အသင်းကနေ ဒီနွေရာသီမှာမှ ခေါ်ယူထားတဲ့ ဂျက်ကေး ဟာ ကစားသမားဘဝ ကစားသမားသက်တမ်း တစ်လျှောက် ပွဲပေါင်း ၁၀၀ တောင် မပြည့်သေးသလို ပြီးခဲ့တဲ့ရာသီဝက်ကို ပခုံးခွဲစိတ်ကုသမှုကြောင့် လွဲချော်ခဲ့ရတာမို့ ရာသီကြို ပြင်ဆင်မှုတွေမှာလည်း ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။
ဂျိုး ဂိုမက်ဇ် ဟာလည်း လီဗာပူးလ် ရဲ့ ပထမဆုံး ရာသီကြိုပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့သလို လူငယ်ဗဟိုခံစစ်မှူး ဂျီယိုဗန်နီ လီယိုနီ ကလည်း ဒဏ်ရာကနေပြန်လည်သက်သာဖို့ ကြိုးစားနေရဆဲဖြစ်တာကြောင့် အသင်းခေါင်းဆောင် ဗာဂျေ ဗန်ဒိုက် တစ်ဦးတည်းသာ လီဗာပူးလ် ရဲ့ ကြံ့ခိုင်မှုပြည့်ဝတဲ့ စီနီယာ ဗဟိုခံစစ်မှူးအဖြစ် ကျန်ရှိပါတော့တယ်။
အာရာအူဟို ဟာ ၂၀၁၈ ခုနှစ်မှာ ဥရုဂွေး ကလပ်ကနေ ဘာစီလိုနာ ဆီ ရောက်ရှိလာခဲ့ပြီး နောက်တစ်နှစ် အောက်တိုဘာမှာ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ လက်ရှိအချိန်အထိ နူးကမ့် မှာ ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂိုးသမား မားခ် အန်ဒရေး တားစတီးဂန် အသင်းက ထွက်ခွာသွားပြီးနောက် သူ့ကို အသင်းရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက စိတ်ဓာတ်ကျရောဂါ ခံစားခဲ့ရလို့ ဘောလုံးလောကကနေ ခေတ္တခဏ အနားယူခဲ့ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရာသီ လာလီဂါ မှာ ၁၁ ပွဲသာ ပွဲထွက်ကစားခဲ့ရပါတယ်။
ဒါ့အပြင် လီဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒလီ ဘာကိုလာ ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အသင်းနှစ်သင်းကြား တန်ဖိုးဖြတ်မှုမှာ ကွာခြားချက် ကြီးမားနေတယ်လို့ စကိုင်း စပို့စ် က နားလည်ထားပါတယ်။
ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီ အသင်းက အသက် ၂၃ နှစ်အရွယ် ကစားသမားကို ပေါင် ၁၄၅ သန်းအထိ တန်ဖိုးဖြတ်ထားတာကြောင့် လက်ရှိအခြေအနေမှာ ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ခက်ခဲနေပါတယ်။
Source : https://www.skysports.com/




