မိုက်ကယ် ကာရစ် နေရာမှာ အစားထိုးဖို့ ပိုချက်တီနို ကို ပစ်မှတ်ထားလာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ယူနည်းပြသစ် ပိုချက်တီနို

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်လုနီးပါးဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ နည်းပြ မိုက်ကယ် ကာရစ် ကို ထုတ်ပယ်ဖို့ ပြင်ဆင်နေပြီး သူ့နေရာမှာအစားထိုးဖို့ အမေရိကန် လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို ကို အဓိက ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ပိုင်း ဖြစ်တဲ့ ဂျိုဝဲလ် ဂလေဇာ၊ ဂျင်မ် ရက်ကလစ်ဖ်၊ အိုမာ ဘာရာဒါ နဲ့ ဂျေဆန် ဝီလ်ကော့စ် တို့ဟာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစရလဒ်တွေကြောင့် မိုက်ကယ် ကာရစ် ရဲ့ အခြေအနေကို စတင်သုံးသပ်နေပါပြီ။ လောလောဆယ်မှာတော့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်ကို မိုက်ကယ် ကာရစ် ပုံမှန်အတိုင်း လာရောက်ပို့ချခဲ့ပေမဲ့ မိုနာကို မှာ ပြုလုပ်မဲ့ အသင်းအကြီးအကဲတွေရဲ့ အစည်းအဝေးမှာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

အသင်းတာဝန်ရှိသူတွေဘက်ကတော့ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြအပြောင်းအလဲ မဖြစ်မနေလုပ်ရတော့မယ်ဆိုတာကို လက်ခံထားကြပါပြီ။ အသက် ၅၄ နှစ်အရွယ် ပိုချက်တီနို ဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ အမေရိကန် အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားပေမဲ့ သူ့ရဲ့စာချုပ်ထဲမှာ ပေါင် ၇ ဒသမ ၄ သန်းတန် လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းနိုင်တဲ့အချက် ပါဝင်နေပါတယ်။

နယူးကာဆယ် နည်းပြဟောင်း အက်ဒီဟောင်း၊ အသင်းလက်မဲ့ဖြစ်နေတဲ့ Julian Nagelsmann နဲ့ ကီရန် မက်ကန်နာ တို့ကိုလည်း သဘောကျနေကြပေမဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့်ကျက်ပြီး အသင်းကို အကျပ်အတည်းကနေ ဆွဲတင်ပေးနိုင်မဲ့သူအဖြစ် ပိုချက်တီနို ကိုသာ အားလုံးက ဦးစားပေး သတ်မှတ်ထားကြပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ၂ နှစ်စာချုပ် ချုပ်ဆိုထားခဲ့တဲ့ မိုက်ကယ် ကာရစ် ဟာ အခုရာသီမှာတော့ ရလဒ်တွေ တောက်လျှောက်ကျဆင်းနေခဲ့ပါတယ်။ အခြေအနေတွေကို ပြန်ပြင်ဆင်ဖို့ အချိန်ပေးခဲ့ပေမဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် အန်ဖီးလ် မှာ ကစားမဲ့ လီဗာပူး နဲ့ ပွဲမတိုင်ခင် သူ့ရဲ့ အနာဂတ်က အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။

Source : https://www.espn.com/

Leave a Reply

Your email address will not be published. Required fields are marked *