အဓိကကစားသမားတွေကို အနားပေးတာ မှန်သလား၊ မှားသလား။ ဟာလန်း ကို ချန်လှပ်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နော်ဝေ

နော်ဝေ နဲ့ ဟာလန်း

ဒါဟာ ပြင်သစ် ရဲ့ စူပါစတား အမ်ဘာပေ နဲ့ နော်ဝေ ရဲ့ ဂိုးသွင်းစက် ဟာလန်း တို့ရဲ့ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု လုပွဲအဖြစ် လူပြောများခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟာလန်း က လူစားလဲခုံမှာပဲ စတင်ခဲ့ရပြီး Ballon d’Or ဆုရှင် ဒမ်ဘီလီ က ပထမပိုင်း ၂၅ မိနစ်အတွင်းမှာတင် အံ့ဩစရာကောင်းတဲ့ ဟတ်ထရစ်ဂိုး သွင်းယူပေးခဲ့လို့ ပြင်သစ် အသင်းက ဘော်စတွန် ကွင်း မှာ ၄-၁ နဲ့ အေးအေးဆေးဆေး အနိုင်ရသွားပြီး ဒမ်ဘီလီ ရဲ့ ပွဲဖြစ်သွားခဲ့ပါတယ်။

ပြင်သစ် အသင်းက ဇူလိုင်လ ၁၉ ရက်နေ့ နယူးဂျာစီ မှာ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်ထားတဲ့ တိုက်စစ်အင်အား အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပေမဲ့ နော်ဝေ ကတော့ ဒီနောက်ဆုံး အုပ်စုပွဲစဉ်ဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်း ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ အကောင်းဆုံးအချိန်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟာလန်း တစ်ယောက်တည်းတင် မဟုတ်ပါဘူး၊ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်တဲ့ နော်ဝေ နည်းပြ စတာလီ ဆိုးလ်ဘာကင် ဟာ ပွဲထွက်လူစာရင်းကို ၁၀ နေရာအထိ အကြီးအကျယ် ပြောင်းလဲပစ်ခဲ့ပါတယ်။

“ဒါက စဉ်းစားနေစရာတောင်မလိုတဲ့ ကိစ္စပါ” လို့ သူက ပြောပါတယ်။

“ကျွန်တော့်ဘက်ကရော၊ ဖီဇီယို၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာဌာန၊ ပြီးတော့ ကစားသမားတချို့ ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့်လည်း ပါပါတယ်”

“တစ်ခုတည်းသော ထည့်သွင်းစဉ်းစားခဲ့တာကတော့ နော်ဝေ ပရိသတ်တွေအတွက်ပါပဲ။ သူတို့ကတော့ ဟာလန်း နဲ့ မာတင် အိုဒီဂတ် တို့ ကစားတာကို မြင်ချင်ကြမှာပါ”

ဆီနီဂေါ နဲ့ ပွဲအပြီးမှာ ကျွန်တော်တို့ အခြေအနေကို သုံးသပ်ခဲ့ကြပါတယ်။ မိနစ် ၈၀ အပြီးမှာ ကစားသမား ငါးဦး ဒါမှမဟုတ် ခြောက်ဦးလောက် တော်တော်လေး ထိခိုက်ပင်ပန်းနေပါပြီ။ ခံစစ်လိုင်းတစ်ခုလုံးနဲ့ ကွင်းလယ်လူ တစ်ယောက်၊ နှစ်ယောက်လောက် ပါပါတယ်”

ဒီလို လူစာရင်းအပြောင်းအလဲတွေကြောင့် ပွဲစစချင်း ပထမမိနစ်မှာတင် အမ်ဘာပေ ရဲ့ ကန်ချက် ဂိုးဘားတန်းထိထွက်သွားပြီးနောက် ဒမ်ဘီလီ က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဟာလန်း အနေနဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေအတွက် အနားယူဖို့ လိုအပ်တယ်ဆိုရင် သူ အနားယူမှာပါ” လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အီယန် ရိုက် က ပွဲမစခင် အိုင်တီဗွီ စပေါ့ ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အုပ်စုပွဲစဉ် နှစ်ပွဲမှာ လေးဂိုးအထိ သွင်းယူထားနိုင်တဲ့ ဟာလန်း က လူစားလဲခုံမှာ ထိုင်နေချိန်မှာပဲ သူ့နေရာမှာ ဝင်ကစားတဲ့ ဂျော်ဂန် စထရန်း လာဆင် ဟာ ဒုတိယပိုင်းအပြီးမှာ ၃-၂ ဖြစ်လာစေမဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။

ဟာလန်း ကတော့ အင်္ဂါနေ့တုန်းက ဆီနီဂေါ ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီးကတည်းက ပြင်သစ် နဲ့ ရင်ဆိုင်ရမဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို အပြတ်အသား ပြောပြခဲ့ပြီးသားပါ။

“အခုအချိန်မှာတော့ ဒီပွဲကို ကျွန်တော် သိပ်စိတ်မဝင်စားတော့ပါဘူး” လို့ နော်ဝေ အသင်း ရှုံးထွက်အဆင့် တက်သွားပြီးနောက် သူက ပြောပါတယ်။

“သူတို့ ကျွန်တော်တို့ကို နိုင်သွားဖို့ များပါတယ်။ သူတို့ပဲ တစ်ပြိုင်ပွဲလုံးမှာ ချန်ပီယံဖြစ်သွားဖို့လည်း များပါတယ်”

ဒါဆိုရင် နော်ဝေ အသင်းအနေနဲ့ ဒီလောက်အထိ လူစာရင်းအပြောင်းအလဲ အများကြီးလုပ်ခဲ့တာက လိမ္မာပါးနပ်တဲ့ လုပ်ရပ်လား၊ ဒါမှမဟုတ် မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားခဲ့မလား။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *