မက်ဆီကို လက်လွှတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ လာပေါ်တာ ပြောကြား

မက်ဆီကို လက်လွှတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ပြောကြား

ဘာစီလိုနာအသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာသွားခဲ့တာဟာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာက ပြောကြားလိုက်ပါတယ်။ လာပေါ်တာ တတိယအကြိမ်မြောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ စပိန်နိုင်ငံက ရွေးကောက်ပွဲကာလအတွင်းမှာ မက်ဆီရဲ့ အငြင်းပွားဖွယ် ထွက်ခွာမှုအကြောင်းက ပြန်လည်ရေပန်းစားလာခဲ့တာပါ။ အခုတော့ လာပေါ်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး မက်ဆီကို လက်လွှတ်ခဲ့တာဟာ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့တယ်လို့ ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ ၂၀၂၆ ကမ္ဘာ့ဖလား

၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ပါဝင်မလားဆိုတာ စကာလိုနီ အတည်မပြုနိုင်သေးဘဲ “သူကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ” လို့ ဆို

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီ ပါဝင်ကစားဖို့ ရှိ၊ မရှိကို အခုထိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ အင်တာမိုင်ယာမီကြယ်ပွင့် မက်ဆီအပေါ် ဖိအားမသက်ရောက်စေဖို့အတွက် ဒီဆုံးဖြတ်ချက်ဟာ ကစားသမားအပေါ်မှာပဲ လုံးဝမူတည်တယ်လို့ နည်းပြက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်ထားကြောင်း ပက်ဒရီဖွင့်ဟ

ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်ထားကြောင်း ပက်ဒရီဖွင့်ဟလာ

ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီက လီယွန်နယ်မက်ဆီရဲ့ကစားသမားဘဝကို ဘာစီလိုနာမှာ အဆုံးသတ်တာ မြင်ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

ဒေါ့မွန်ကိုဂိုးသွင်းပြီး ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းဒေါ့မွန်ဘက်ကို ဂိုးသွင်းယူပြီးနောက် ပြိုင်ပွဲရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တဲ့ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်း ၃ သင်းနဲ့ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီရဲ့စွမ်းဆောင်ရည်ကို မာရှေးယာနို ချီးကျူး

အင်တာမိုင်ယာမီစတား မက်ဆီရဲ့စွမ်းဆောင်ရည်ကို မာရှေးယာနို ချီးကျူး

နက်ရှ်ဗီလီအသင်းကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်ကို အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက ချီးကျူးလိုက်ပါတယ်။ အာဂျင်တိုင်သားဟာ လက်ရှိ ၂၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ဖို့ နီးစပ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျော်ဒီအယ်လ်ဘာရဲ့ ကစားသမားဘဝအနားယူမှု

“ဂျော်ဒီအယ်လ်ဘာ”ရဲ့အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုကို မှတ်ချက်ပေးပြောကြားလာတဲ့ မက်ဆီ

ဂျော်ဒီအယ်လ်ဘာရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုအပြီး မက်ဆီက စပိန်သားနဲ့ တွဲဖက်ကစားဖို့ မဖြစ်နိုင်တော့တဲ့ အနာဂတ်ကို ကြမ်းတမ်းလွန်းတယ်လို့ ဖွင့်ဟပြောဆိုရင်း ကာလရှည်အသင်းဖော်ဆီ စိတ်လှုပ်ရှားစရာသတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမဲ့ မက်ဆီ

၂၀၂၆ ခုနှစ်ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမဲ့ မက်ဆီ

ဘာစီလိုနာဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီဟာ လာမဲ့ ၂၀၂၆ ခုနှစ် အသင်းဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ လက်ရှိ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာကို ဆန့်ကျင်သွားမယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
စိတ်ခံစားမှုပြင်းပြနေတဲ့ မက်ဆီရဲ့စကားများ

စိတ်ခံစားမှုပြင်းပြနေတဲ့ မက်ဆီရဲ့စကားများက ၂၀၂၆ ကမ္ဘာ့ဖလားကို မရေမရာဖြစ်စေ

အာဂျင်တီးနားအသင်းအတွက် သူ့ရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်နိုင်ခြေများတဲ့ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီက သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝနဲ့ပတ်သက်လို့ စိတ်ခံစားမှုအပြည့်နဲ့ ရေးသားထားတာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရအသင်းရဲ့ အနာဂတ်အပေါ် သံသယတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဂျင်တီးနားပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မက်ဆီ

နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ၂ ဂိုးအထိသွင်းယူပြီး အာဂျင်တီးနားပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မက်ဆီ

သောကြာနေ့နံနက်က ဗင်နီဇွဲလားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဟာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားမြေမှာယှဉ်ပြိုင်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး ကစားသမားဟာ ၂ ဂိုးအထိသွင်းယူကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သေသေချာချာ စဉ်းစား ဖို့တိုက်တွန်းခြင်းခံထားရတဲ့ မက်ဆီ

အနားယူဖို့ ဆုံးဖြတ်ချက်အပေါ် သေသေချာချာ စဉ်းစား ဖို့တိုက်တွန်းခြင်းခံထားရတဲ့ မက်ဆီ

ဘယ်သူမှ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ‘ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး’တဲ့အတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစားဖို့ လီယွန်နယ် မက်ဆီက တိုက်တွန်းခြင်းခံထားရပါတယ်။

အပြည့်အစုံဖတ်ရန်