ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ရှုံးနိမ့်မှုအတွက် ဝေဖန်ခံနေရပေမဲ့ ယူရို ၂၀၂၈ အထိ အင်္ဂလန်အသင်းကို ဆက်လက်ဦးဆောင်သွားမယ်လို့ သောမတ်စ် တူချယ် အခိုင်အမာဆို
အင်္ဂလန် နည်းပြဖြစ်သူ သောမတ်စ် တူချယ် က ယူရို ၂၀၂၈ ပြိုင်ပွဲမှာ အင်္ဂလန် အသင်းကို ဆက်လက်ဦးဆောင်သွားဖို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ သန္နိဋ္ဌာန်ချထားပြီး ကမ္ဘာ့ဖလားမှာ လွဲချော်ခဲ့တဲ့ အောင်မြင်မှုကို အရယူပေးမယ်လို့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနား အသင်းကို ၂-၁ နည်းနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရဲ့ လူလူချင်းလဲလှယ်မှု ကစားကွက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အန်တိုနီ ဂေါ်ဒွန် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေချိန် ခံစစ် ၅ ယောက်တန်း ပြောင်းလဲခဲ့တာ မအောင်မြင်ခဲ့ဘဲ ပွဲအပြီးမှာ အာဂျင်တီးနား နည်းပြ စကာလိုနီ ရဲ့ လူစားလဲ ကစားကွက်အောက်မှာ အရေးနိမ့်ခဲ့ရပါတယ်။
ဒါပေမဲ့ သောမတ်စ် တူချယ် က ကစားကွက်စနစ်ကြောင့်မဟုတ်ဘဲ ကစားသမားတွေရဲ့တုံ့ပြန်မှု နှေးကွေးခြင်းနဲ့ ဘောလုံးကို ထိန်းချုပ်မကစားနိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ စာချုပ်သက်တမ်း တိုးမြှင့်ထားတဲ့ သောမတ်စ် တူချယ် အပေါ် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ဘက်ကလည်း ဆက်လက်ထောက်ခံထားပါတယ်။
သောမတ်စ် တူချယ် က အသင်းရဲ့ ခြေစွမ်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ရှိသေးကြောင်းနဲ့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းပြီး ဆုဖလားကြီးကို အရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဖိအားတွေ ရှိနေပေမဲ့ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခွင့်ရမှာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။
Source : https://www.theguardian.com/




