အာဆင်နယ်ကို နှုတ်ဆက်ပြီး တူရကီကလပ် ဘက်ဆစ်တပ်ဆီ အပြီးသတ်ပြောင်းရွှေ့သွားတဲ့ ထရိုဆတ်

ထရိုဆတ် အပြောင်းအရွှေ့

အာဆင်နယ် တိုက်စစ်ကစားသမား လီအန်ဒရို ထရိုဆတ် ဟာ တူရကီစူပါလိဂ်ကလပ် ဘက်ဆစ်တပ် အသင်းဆီကို အပြီးသတ်အပြောင်းအရွှေ့နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။

ထရိုဆတ် ဟာ အခြေခံပြောင်းရွှေ့ကြေး ပေါင် ၁၅.၃ သန်း အပြင် အပိုဆုကြေး ပေါင် ၁.၇ သန်း၊ စုစုပေါင်း ပေါင် ၁၇ သန်းတန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ် အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာတော့ “လီယို ( ထရိုဆတ် ) ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ဘရိုက်တန် အသင်းကနေ ကျွန်တော်တို့ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲ ကစားပေးခဲ့ရာမှာ ၃၆ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အာဆင်နယ် အသင်းသားအားလုံးက အသင်းအတွက် လီယို ရဲ့ တန်ဖိုးရှိတဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ရှိသလို သူ့ရဲ့အနာဂတ်မှာလည်း အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းပေးပါတယ်” လို့ ဖော်ပြထားပါတယ်။

ထရိုဆတ် ဟာ နည်းပြ မီခေးလ် အာတီတာ ရဲ့ အာဆင်နယ် အသင်းမှာ သုံးနှစ်ခွဲအတွင်း ၁၇၄ ပွဲအထိ ကစားပြီး ၃၆ ဂိုး သွင်းယူကာ အဓိကအားထားရတဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ အာဆင်နယ် တို့ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၅၀ မှာ ထရိုဆတ် ဟာ ၈ ဂိုး သွင်း၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ဒုတိယဆု ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *