ချယ်လ်ဆီး အသင်းရဲ့ နည်းပြသစ်နေရာအတွက် ဇာဘီ အလွန်ဆို ဟာ အလားအလာအရှိဆုံးနဲ့ အရည်အချင်းအပြည့်ဆုံးသူအဖြစ် ထွက်ပေါ်လာပါတယ်။ ချယ်လ်ဆီး က အဆင့်မြင့်ဆုံးပြိုင်ပွဲတွေမှာ အတွေ့အကြုံရှိတဲ့ နည်းပြမျိုးကို အလိုရှိနေတာပါ။
အလွန်ဆို ဟာ သူရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေအပြင် လေဗာကူဆင် အသင်းမှာပြသခဲ့တဲ့ နည်းပြမှတ်တမ်းကောင်းတွေကြောင့် အထူးချီးကျူးခံနေရပါတယ်။ ရီးယဲလ် မက်ဒရစ် မှာတုန်းက သူ့ကိုအချိန်အလုံအလောက် မပေးခဲ့ဘူးလို့ အများကယူဆနေကြပြီး အကယ်၍သာဆက်ရှိနေခဲ့ရင် အောင်မြင်မှုတွေ ရနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
လောလောဆယ်မှာ ချယ်လ်ဆီး က အက်ဖ်အေဖလား ဗိုလ်လုပွဲကိုပဲ အာရုံစိုက်ထားပေမဲ့ နောက်ကွယ်မှာတော့ အားကစားဒါရိုက်တာတွေနဲ့ သူတို့ပစ်မှတ်ထားတဲ့ နည်းပြတွေရဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေ ရှိနေပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး ဟာ ဇာဘီ အလွန်ဆို ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စတင်ကမ်းလှမ်းမှုတွေ လုပ်နေပြီလို့ သိရပါတယ်။
အလွန်ဆို ကလည်း လီယမ် ရိုဆင်နီယာ ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ စိတ်ဝင်စားနေပြီး ဘုန်းမောက် နည်းပြ အန်ဒိုနီ အီရာအိုလာ ကလည်း အားကောင်းတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်နေပါတယ်။ အလွန်ဆို ဟာ ကာလို အန်ဆယ်လော့တီ ရဲ့ နေရာမှာ အစားထိုးဖို့ လေဗာကူဆင် ကနေ ရီးယဲလ် မက်ဒရစ် ကို ရောက်ရှိလာခဲ့ပေမဲ့ ၇ လအကြာ ဇန်နဝါရီလမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။ အီရာအိုလာ ကတော့ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးရင် ဘုန်းမောက် ကနေ ထွက်ခွာတော့မယ်ဆိုတာကို ဧပြီလကတည်းက အတည်ပြုထားပါတယ်။
Source : bbc.com




