ဘာနေဗျူး ကို တစ်ကျော့ပြန်လာတော့မဲ့ ဟိုဆေး မော်ရင်ညို၊ ရီးရဲလ် မက်ဒရစ် ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အခြေအနေကောင်းနေ

ဟိုဆေး မော်ရင်ညို ရီးရဲလ် မက်ဒရစ်

ဟိုဆေး မော်ရင်ညို ဟာ ဘာနေဗျူး ကွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ ရီးရဲလ် မက်ဒရစ် ရဲ့ နည်းပြသစ်ဖြစ်လာဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အသက် ၆၃ နှစ်အရွယ်နည်းပြဟာ ရေပန်းအစားဆုံးဖြစ်နေသလို လက်ရှိမှာလည်း ရီးရဲလ်ဘက်က ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းလည်း ဖြစ်ပါတယ်။

သူဟာ ဇန်နဝါရီလက ဇာဘီ အလွန်ဆို ထွက်ခွာသွားပြီးနောက် အသင်းကိုတာဝန်ယူခဲ့တဲ့ လက်ရှိနည်းပြ အယ်လ်ဗာရို အာဘယ်လိုအာ ရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမှာပါ။

ရီးရဲလ် မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ဟာ ဇာဘီ အလွန်ဆို အသင်းက ထွက်ခွာပြီး နှစ်ရက်အကြာမှာပဲ ပေါ်တူဂီနည်းပြရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင်စကားပြောခဲ့ပြီး ဟိုဆေး မော်ရင်ညို ပြန်လာဖို့ကိစ္စကို စတင်စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

ဟိုဆေး မော်ရင်ညို ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နှစ်နှစ်စာချုပ်နဲ့ ပူးပေါင်းခဲ့တဲ့ သူ့ရဲ့ဇာတိ ပေါ်တူဂီ က ဘင်ဖီကာ အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေတာပါ။ မနေ့ကပဲ မီဒီယာတွေကို သူ့ရဲ့အနာဂတ်အကြောင်း မပြောချင်သေးဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

အက်စတိုရီ နဲ့ ကစားရမဲ့ပွဲ ရှိပါသေးတယ်။ တနင်္လာနေ့ရောက်မှပဲ ကျွန်တော့်ရဲ့အနာဂတ်နဲ့ ဘင်ဖီကာ ရဲ့ အနာဂတ်အကြောင်း မေးခွန်းတွေကို ဖြေနိုင်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

စနေနေ့က အက်စတိုရီ ပရာယာ နဲ့ ကစားမဲ့ပွဲဟာ ဘင်ဖီကာ ရဲ့ ဒီရာသီနောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကစပြီး ရီးရဲလ် မက်ဒရစ် အတွက် ဟိုဆေး မော်ရင်ညို ကို တန်ဖိုးနည်းနည်းနဲ့ ခေါ်ယူနိုင်မဲ့ အခွင့်အရေး ရရှိလာမှာပါ။

သူ့ရဲ့စာချုပ်ထဲမှာ ဘင်ဖီကာ ရဲ့ ရာသီပိတ်ပွဲအပြီး ၁၀ ရက်အတွင်း ယူရို ၃ သန်း (ပေါင် ၂.၆ သန်း) ပေးရင် အသင်းက ထွက်ခွာခွင့်ပြုမယ်ဆိုတဲ့အချက် ပါဝင်နေပါတယ်။

သူဟာ ၂၀၁၀ ကနေ ၂၀၁၃ အထိ ရီးရဲလ် မှာ တာဝန်ယူခဲ့စဉ်က လာလီဂါကိုပါဒီရေး နဲ့ စပိန် စူပါဖလား တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

အသင်းက ထွက်ခွာပြီးနောက်မှာတော့ အင်္ဂလန် ကိုပြန်ပြီး ချယ်လ်ဆီး မှာ ဒုတိယအကြိမ် တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ၂၀၁၄-၁၅ ရာသီက သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အီးအက်ဖ်အယ်လ် ဖလား တို့ကို ရယူနိုင်ခဲ့ပါတယ်။

၂၀၁၅ မှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ဟိုဆေး မော်ရင်ညို ဟာ ၂၀၁၆ မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

သူဟာ အိုးလ်ထရက်ဖို့ဒ် မှာ ပထမဆုံးရာသီအတွင်း ယူရိုပါလိဂ်အီးအက်ဖ်အယ်လ် ဖလား နဲ့ ကွန်မြူနီတီ ဒိုင်း တို့ကို ရယူပေးနိုင်ခဲ့ပေမဲ့ ၂၀၁၈ ဒီဇင်ဘာလမှာတော့ ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟိုဆေး မော်ရင်ညို ဟာ မနှစ်က ဘင်ဖီကာ ကို မပြောင်းခင်မှာ တော့တင်ဟမ်စီးရီးအေ ကလပ် ရိုးမား (၂၀၂၂ မှာ ယူရိုပါ ကွန်ဖရင့်လိဂ် ရရှိခဲ့) နဲ့ တူရကီကလပ် ဖီနာဘာချီ တို့မှာလည်း နည်းပြခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း ရီးရဲလ် ဟာ ၂၀၂၅-၂၆ ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ပြိုင်ဘက် ဘာစီလိုနာ က အယ်လ်ကလက်စီကို မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၁၄ မှတ်အကွာနဲ့ လာလီဂါ ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။

ရီးရဲလ် ရဲ့ ချန်ပီယံလိဂ် ခရီးစဉ်ကလည်း ကွာတားဖိုင်နယ်မှာ ဂျာမနီချန်ပီယံ ဘာယန် မြူးနစ် ကို နှစ်ကျော့ပေါင်း ၆-၄ ဂိုးနဲ့ ရှုံးနိမ့်ပြီး ရပ်တန့်ခဲ့ရပါတယ်။

ကွင်းပြင်ပမှာလည်း အသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ အော်ရီလီယန် ချူအာမန်နီ နဲ့ ဗယ်ဗာဒီ တို့ကို ဝတ်လဲခန်းအတွင်း ရန်ဖြစ်ခဲ့တာကြောင့် စုစုပေါင်း ယူရို ၁ သန်း ဒီလထဲမှာ ဒဏ်ရိုက်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗယ်ဗာဒီ ဟာ အသက် ၂၆ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် အော်ရီလီယန် ချူအာမန်နီ နဲ့ ပြဿနာဖြစ်ပြီးနောက် ခေါင်းဒဏ်ရာနဲ့ ဆေးရုံတက်ခဲ့ရပေမဲ့ သူတို့နှစ်ဦး “လက်သီးချင်း ဖလှယ်ခဲ့ကြတာ” မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ဟာ အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ ခေါ်ယူခဲ့တာကြောင့် ဟိုဆေး မော်ရင်ညို အကြောင်း ကြေညာတော့မလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ ဝေဖန်သူတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဥက္ကဋ္ဌ ရွေးကောက်ပွဲအသစ် ကျင်းပဖို့သာပြောခဲ့ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *