ကမ္ဘာ့ဖလားကို ဥရောပအသင်းတွေ သပိတ်မှောက်တော့မလား၊ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ ရာထူး သက်တမ်း ကုန်ဆုံးတော့မှာလား

ဖီဖာ နှင့် ယူအီးအက်ဖ်အေ ပဋိပက္ခ

ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲများအပါအဝင် ဖီဖာ ပြိုင်ပွဲတွေကို ဦးစီးကျင်းပမဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချဖို့အစီအစဉ်အပေါ် ယူအီးအက်ဖ်အေ က ” ယူအီးအက်ဖ်အေ နဲ့ သူ့ရဲ့ အဖွဲ့ဝင်အသင်းအဖွဲ့တွေဟာ ဖီဖာ ပြိုင်ပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူး” လို့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့၊ ပိုလန်နိုင်ငံမှာစတင်မဲ့ အသက် ၂၀ အောက် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအပါအဝင် လာမဲ့ပြိုင်ပွဲတွေအတွက် ဒီဆုံးဖြတ်ချက်က အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စက်တင်ဘာ ၁၉ ရက်ဟာ ဖီဖာ ရဲ့ သဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံတွေဘက်က လက်ခံရမဲ့ နောက်ဆုံးရက်ဖြစ်တာကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ ပြိုင်ပွဲကွာတာဖိုင်နယ် ဒါမှမဟုတ် ဆီမီးဖိုင်နယ်အဆင့်တွေရောက်မှ ပြိုင်ပွဲကနေ နှုတ်ထွက်ရမဲ့ ကိန်းဆိုက်နေပါတယ်။

ယူအီးအက်ဖ်အေ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဝေလ စတာဟောင်း လော်ရာ မက်အာလစ်စတာ က “ဘောလုံးသမားတွေနဲ့ နိုင်ငံတွေကို ထိခိုက်မှု မရှိစေချင်ပေမဲ့ ဒါဟာ ဖီဖာ ဘက်က စတင်ဖန်တီးလိုက်တဲ့ ပြဿနာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ မြောက်နှင့်ဗဟိုအမေရိက ဘောလုံးအဖွဲ့ချုပ် ကွန်ကာကပ်ဖ် ကလည်း အဖွဲ့ဝင် ၄၁ နိုင်ငံစလုံးက ဒီအဆိုပြုချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒက်ဘီ ဟီးဝစ် နဲ့ စကော့တလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက် မားလ်ရေးနီ တို့အပါအဝင် တာဝန်ရှိသူအများစုက အင်ဖန်တီနို ဘက်က သင့်တော်တဲ့ ညှိနှိုင်းဆွေးနွေးမှုမရှိတာကို ဒေါသထွက်နေကြပါတယ်။ လာမဲ့ မတ်လမှာ စတုတ္ထအကြိမ်မြောက် သက်တမ်းအတွက် ရွေးကောက်ခံဖို့ ပြင်ဆင်နေတဲ့ အင်ဖန်တီနို အတွက် အခုအခါမှာတော့ သူ့ကို စိန်ခေါ်ယှဉ်ပြိုင်မဲ့သူ ရှာဖွေဖို့ ပြောဆိုမှုတွေ ရှိလာနေပါတယ်။

ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ နာဆာ အယ်လ်ခီလိုင်ဖီ ရဲ့ နာမည် ထွက်ပေါ်နေပေမဲ့ သူကတော့ ဒီရာထူးကို ရယူဖို့ စိတ်ဆန္ဒမရှိကြောင်း သိရပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေးဗစ် ဘန်းစတိုင်း ကတော့ အင်ဖန်တီနို အနေနဲ့ အဖွဲ့ဝင်အသင်းအဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိထားသရွေ့ ဆက်လက်ရပ်တည်နေဦးမှာဖြစ်ပေမဲ့ ဒီသဘောတူညီချက်ကိုတော့ ရုပ်သိမ်းသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *