လီယွန်နယ် မက်ဆီ က ရွှေဖိနပ်ဆု ပြိုင်ပွဲမှာ ဟာရီ ကိန်း၊ အားလင်း ဟာလန်း နှင့် ကီလီယန် အမ်ဘာပေ တို့ကို ဦးဆောင်နေပြီး အူစမာန် ဒေမ်ဘီလီ နဲ့ ဗီနီစီးယပ်စ် ဂျူနီယာ တို့လည်း အပြိုင်အဆိုင် ပါဝင်နေသလို ခရစ္စတီယာနို ရော်နယ်ဒို ကလည်း အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က ဂျပ်စ် ဖွန်တိန်း တစ်ယောက်တည်း တင်ထားတဲ့ ၁၃ ဂိုး စံချိန်ကိုလည်း ချိုးဖျက်နိုင်မဲ့ အလားအလာ ရှိနေပါတယ်။
ဟာရီ ကိန်း ဟာ ဒီအာရ် ကွန်ဂို နဲ့ ပွဲမှာ ၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုလုပွဲကို အမီလိုက်နိုင်ခဲ့တာကြောင့် အားလင်း ဟာလန်း နဲ့ ဂိုးတူသွားပြီး လီယွန်နယ် မက်ဆီ ၊ ကီလီယန် အမ်ဘာပေ တို့ရဲ့နောက် ၁ ဂိုးအကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဒီကမ္ဘာ့အဆင့် စူပါစတားတွေဟာ ၂၀၂၆ မဟာစင်မြင့်ထက်မှာ အကောင်းဆုံး ခြေစွမ်းပြနေကြပြီး ဂိုးသွင်းဘုရင်ဆုအတွက် အရှိန်အဟုန်ပြင်းပြင်း ပြိုင်ဆိုင်နေကြတာပါ။
လီယွန်နယ် မက်ဆီ နဲ့ ကီလီယန် အမ်ဘာပေ တို့က ၆ ဂိုးစီနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အားလင်း ဟာလန်း ကတော့ အိုင်ဗရီကို့စ် ကို အနိုင်ရတဲ့ နော်ဝေ ရဲ့ ၃၂ သင်းအဆင့် ပွဲစဉ်မှာ သူ့ရဲ့ ၅ ဂိုးမြောက်ကို သွင်းယူကာ အာဂျင်တီးနား အိုင်ကွန်ရဲ့ နောက်ကို ကပ်လိုက်နေပါတယ်။
ဟာရီ ကိန်း ဟာလည်း အတ္တလန်တာမှာ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ ၂ ဂိုး သွင်းယူပြီး အင်္ဂလန် ကို ၁၆ သင်းအဆင့် ပို့ဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့ သွင်းဂိုးစုစုပေါင်းကိုလည်း ၅ ဂိုးအထိ ရှိလာစေခဲ့ပါတယ်။ ကီလီယန် အမ်ဘာပေ ရဲ့ အသင်းဖော် အူစမာန် ဒေမ်ဘီလီ နဲ့ ဘရာဇီး ကြယ်ပွင့် ဗီနီစီးယပ်စ် ဂျူနီယာ တို့ကတော့ ၄ ဂိုးစီနဲ့ နောက်ကနေ လိုက်ပါနေပါတယ်။
အဓိက မေးခွန်းကတော့ ဒီရွှေဖိနပ်ဆု ပြိုင်ပွဲထဲကို တခြားဘယ်သူတွေ ဝင်နှောင့်ယှက်ဦးမလဲ ဆိုတာပါပဲ။ ဂျာမနီ စုံတွဲ ဖြစ်တဲ့ ကိုင် ဟာဗက်ဇ် နဲ့ ဒင်းနစ် အွန်ဒက်ဗ် ၊ နယ်သာလန် တွဲဖက် ကိုဒီ ဂက်ပို နဲ့ ဘရိုင်ယန် ဘရော့ဘီ တို့ကတော့ သူတို့အသင်းတွေ ၃၂ သင်းအဆင့်မှာတင် ပြုတ်သွားခဲ့လို့ ဂိုးထပ်သွင်းဖို့ အခွင့်အရေး မရှိတော့ပါဘူး။
ဒါပေမဲ့ ဘရာဇီး ရဲ့ မားသီးယပ်စ် ကူးညာ ၊ ဆီနီဂေါ ရဲ့ အစ္စမိုင်လာ ဆား (၃ ဂိုးစီ) နဲ့ ကနေဒါ ရဲ့ ဂျိုနသန် ဒေးဗစ် တို့ကတော့ အခွင့်အရေး ရှိနေဆဲဖြစ်သလို ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန် အတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ မီကယ် အိုယာဇာဘယ် ၊ အမေရိကန် ရဲ့ ဖိုလာရင် ဘာလိုဂန် နဲ့ ဥဇဘက်ကစ္စတန် နဲ့ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုးအကောင့် ဖွင့်နိုင်ခဲ့တဲ့ ဝါရင့်ကြီး ခရစ္စတီယာနို ရော်နယ်ဒို တို့လည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ တခြားသူတွေအတွက် အခက်အခဲကတော့ လီယွန်နယ် မက်ဆီ ၊ ကီလီယန် အမ်ဘာပေ နဲ့ အားလင်း ဟာလန်း တို့ဟာ ခြေစွမ်းကျမဲ့ အရိပ်အယောင် လုံးဝမပြသေးတာပဲ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ စံချိန်ဟောင်းတွေ ထပ်ကျိုးဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ မီရိုစလပ် ကလိုဆေး ဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် အများဆုံးသွင်းဂိုးစံချိန်ကို ၁၆ ဂိုးနဲ့ ရယူထားနိုင်ခဲ့တာပါ။ အခုတော့ ၂ ပွဲ ကစားပြီးချိန်မှာတင် လီယွန်နယ် မက်ဆီ က ၁၉ ဂိုးနဲ့ ၂ ဂိုး အသာစီး ရနေပြီဖြစ်သလို ကီလီယန် အမ်ဘာပေ ကလည်း ၂၀၀၂ ကနေ ၂၀၁၄ အထိ ကမ္ဘာ့ဖလားတွေ ကစားခဲ့တဲ့ ဂျာမနီ တိုက်စစ်မှူးဟောင်းကို ကျော်ဖြတ်သွားခဲ့ပါပြီ။
အားလင်း ဟာလန်း ဟာလည်း ၂ ပွဲတည်း ကစားရသေးပေမဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ နော်ဝေ အသင်းရဲ့ ဂိုးအများဆုံး သွင်းသူ ဖြစ်လာခဲ့သလို ဟာရီ ကိန်း ကလည်း ဂယ်ရီ လိုင်နီကာ ကို ကျော်ဖြတ်ပြီး အင်္ဂလန် ရဲ့ ကမ္ဘာ့ဖလား ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
ရွှေဖိနပ်ဆု လုမဲ့သူတွေဟာ ၁၉၅၈ ခုနှစ်က ဂျပ်စ် ဖွန်တိန်း တစ်ယောက်တည်းတင်ထားတဲ့ ၁၃ ဂိုး စံချိန်ကို ပစ်မှတ်ထားကြမှာပါ။ ကမ္ဘာ့ဖလား သမိုင်းမှာ ဂျပ်စ် ဖွန်တိန်း ၊ ၁၉၇၀ က ဂျာမနီ ရဲ့ ဂတ်မူလာ နဲ့ ၁၉၅၄ က ဟန်ဂေရီ ရဲ့ ဆန်ဒေါ ကို့ချစ်စ် တို့ ၃ ဦးတည်းသာ ပြိုင်ပွဲတစ်ခုတည်းမှာ ဆယ်ဂိုးနဲ့အထက် သွင်းနိုင်ခဲ့ဖူးတာပါ။ လက်ရှိ ဂိုးသွင်းနှုန်းအရဆိုရင် ဒီနွေရာသီမှာတင် ကစားသမား ၃ ဦး ဒါမှမဟုတ် ၃ ဦးထက်မက ဆယ်ဂိုးအထက် သွင်းယူနိုင်ခြေ ရှိနေပါတယ်။
ကျိုးပျက်ခဲ့တဲ့ တခြားစံချိန်များ-
- ကမ္ဘာ့ဖလား ပွဲအများဆုံး ကစားသူ – လီယွန်နယ် မက်ဆီ (၂၉ ပွဲ)
- ကမ္ဘာ့ဖလား နိုင်ပွဲအများဆုံး ရသူ – လီယွန်နယ် မက်ဆီ (၁၉ ပွဲ)
- ကမ္ဘာ့ဖလား ပြိုင်ပွဲအများဆုံး ကစားသူ – လီယွန်နယ် မက်ဆီ နှင့် ခရစ္စတီယာနို ရော်နယ်ဒို (၆ ကြိမ်စီ)
- ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား – ခရစ္စတီယာနို ရော်နယ်ဒို
- တပွဲတည်းမှာ ၂ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ အသက်အကြီးဆုံး ကစားသမား – ခရစ္စတီယာနို ရော်နယ်ဒို
- ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရတဲ့ အသေးငယ်ဆုံး နိုင်ငံ – ကျူရာဆိုး
- အဖွင့်ပွဲစဉ်မှာ အနီကတ်အများဆုံး ရရှိမှု – မက္ကဆီကို နှင့် တောင်အာဖရိက (၃ ကတ်)
- ပရိသတ် ကြည့်ရှုသူ အများဆုံး ကမ္ဘာ့ဖလား
- ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား




Source : https://www.skysports.com/




