ရီးရဲလ်မက်ဒရစ်အသင်းထံ ၃ နှစ်စာချုပ်နဲ့ ဟိုဆေး မော်ရင်ညို တစ်ကျော့ပြန် ပြန်လည်ပူးပေါင်း
ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် ဟိုဆေး မော်ရင်ညို ကို ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် ဟိုဆေး မော်ရင်ညို ကို ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စူပါစတား အမ်ဘာပေ ဟာ လာလီဂါပြိုင်ပွဲမှာ သူ့ရဲ့ ဒုတိယမြောက် နှစ်နှစ်ဆက် ပီချီချီ (Pichichi) ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့လို ထိပ်တန်းကစားသမားကြီးတွေရဲ့ စာရင်းထဲကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဟိုဆေး မော်ရင်ညိုဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီ နည်းပြချုပ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ပြန်လာဖို့ သဘောတူညီလိုက်ပါပြီ။ ဆုဖလားလက်မဲ့နဲ့ စိတ်ပျက်စရာကောင်းအောင် ရာသီသိမ်းခဲ့ရပြီးနောက် ကွင်းပြင်ပက ပြဿနာတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကစားသမားတွေရဲ့ အဝတ်လဲခန်းကို ပြန်လည်ထိန်းကျောင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီးတဲ့ ၁၃ နှစ်အကြာမှာ မော်ရင်ညိုကို ပြန်ခေါ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျိုးဆက် မာရီယာ ဘာတိုမေး က ၂၀၁၇ ခုနှစ်တုန်းက တခြားအသင်းတစ်သင်းက လီယွန်နယ် မက်ဆီ ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာကို သိလိုက်ရပြီးနောက်မှာ အသင်းကနေ လက်မလွှတ်ရအောင် စာချုပ်အမြန်သက်တမ်းတိုးခဲ့ရတာလို့ ပြောလိုက်ပါတယ်။
ဘာစီလိုနာရဲ့ ဝါရင့်ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေတာ လအတော်ကြာနေပါပြီ။ အထူးသဖြင့် သူ့ရဲ့ လက်ရှိစာချုပ်က လာမဲ့ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ပါ။
ဘာစီလိုနာအသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာသွားခဲ့တာဟာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာက ပြောကြားလိုက်ပါတယ်။ လာပေါ်တာ တတိယအကြိမ်မြောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ စပိန်နိုင်ငံက ရွေးကောက်ပွဲကာလအတွင်းမှာ မက်ဆီရဲ့ အငြင်းပွားဖွယ် ထွက်ခွာမှုအကြောင်းက ပြန်လည်ရေပန်းစားလာခဲ့တာပါ။ အခုတော့ လာပေါ်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး မက်ဆီကို လက်လွှတ်ခဲ့တာဟာ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့တယ်လို့ ထပ်လောင်း အတည်ပြုလိုက်ပါတယ်။
တနင်္လာနေ့က မွန်တီလီဗီကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဂျီရိုနာက ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး လာလီဂါချန်ပီယံလုပွဲမှာ အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။ လာမင်း ယမယ်လ် ပင်နယ်တီလွဲချော်ခဲ့သလို ဟန်ဆီ ဖလစ်ခ်ရဲ့အသင်းဟာ အငြင်းပွားဖွယ်ရာ နောက်ကျဂိုးကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ ရီရဲလ်မက်ဒရစ်နဲ့ အပြိုင်ဖြစ်နေတဲ့ ချန်ပီယံလုပွဲမှာ ဘာစီလိုနာတို့ အရေးကြီးတဲ့ အမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး ဇာဘီအလွန်ဆိုနဲ့လမ်းခွဲကာ အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးမဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ထံပြန်လည်စေလွှတ်ခြင်းမရှိဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း အသိပေးမှုတွေပြုလုပ်လာခဲ့ပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီက လီယွန်နယ်မက်ဆီရဲ့ကစားသမားဘဝကို ဘာစီလိုနာမှာ အဆုံးသတ်တာ မြင်ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။