အမ်ဘာပေ နှင့် ဟာလန်း

အမ်ဘာပေ နှင့် ဟာလန်း ကမ္ဘာ့ဖလားမှာ ဘယ်သူက မိမိနိုင်ငံအတွက် ပိုပြီးအရေးပါသလဲ

ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အမ်ဘာပေ နဲ့ ဟာလန်း တို့ဟာ သောကြာနေ့မှာ ဘော့စတွန်ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ် အသင်းက အမ်ဘာပေ နဲ့ နော်ဝေ အသင်းက ဟာလန်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာစင်ဝင်းဂါး ယုံကြည်

ရီးရဲလ်မက်ဒရစ်မှာ ဝေဖန်ခံနေရတဲ့ အမ်ဘာပေ ကို ကာကွယ်ပြောဆိုပြီး ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြလိမ့်မယ်လို့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ယုံကြည်

အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဒုတိယမြောက် ရာသီကို ရုန်းကန်ဖြတ်သန်းနေရပြီး မတရား ဝေဖန်တိုက်ခိုက်ခံနေရတဲ့ တိုက်စစ်မှူး အမ်ဘာပေ ဘက်ကနေ မတ်တပ်ရပ် ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဒီဂန္ထဝင်နည်းပြကြီးရဲ့အမြင်အရ ပြင်သစ်တိုက်စစ်မှူးဟာ ဘာနေဗျူး ကွင်းမှာ ဓားစာခံအဖြစ် လုပ်ကြံသတ်မှတ်ခံနေရတာဖြစ်ပြီး လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူ့ရဲ့ခြေစွမ်းအမှန်တွေ ပေါက်ကွဲထွက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ ပီချီချီရွှေဖိနပ်ဆု

လာလီဂါ ရွှေဖိနပ်ဆုကို ၂ နှစ်ဆက် ဆွတ်ခူးပြီး မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ ရှားပါးစံချိန်ကို လိုက်မီသွားတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စူပါစတား အမ်ဘာပေ ဟာ လာလီဂါပြိုင်ပွဲမှာ သူ့ရဲ့ ဒုတိယမြောက် နှစ်နှစ်ဆက် ပီချီချီ (Pichichi) ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့လို ထိပ်တန်းကစားသမားကြီးတွေရဲ့ စာရင်းထဲကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အမ်ဘာပေ ပါဝင်နိုင်ဖို့ မသေချာကြောင်း အာဘီလိုအာ ဝန်ခံ

မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အမ်ဘာပေ ပါဝင်နိုင်ဖို့ မသေချာကြောင်း အာဘီလိုအာ ဝန်ခံ

ရီးရဲလ်မက်ဒရစ်နည်းပြ အာဘီလိုအာက ခီလီယန် အမ်ဘာပေဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်ဖို့ မသေချာဘူးလို့ တနင်္ဂနွေနေ့မှာ ဝန်ခံပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အမ်ဘာပေရဲ့ ဒူးဒဏ်ရာပြဿနာကို သေချာသိရှိပေမဲ့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ကတော့ မသေချာဘူးလို့ ဆိုပါတယ်။ အမ်ဘာပေဟာ ဒီအပတ်ထဲမှာပဲ အကန့်အသတ်မရှိ အနားယူရမယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေကို စွန့်စားပွဲထုတ်မလား

စပိန်စူပါဖလားဗိုလ်လုပွဲမှာ အမ်ဘာပေကို စွန့်စားပွဲထုတ်မလားဆိုတာ ဆုံးဖြတ်ရမဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် အသင်းနဲ့အတူ လိုက်ပါလာခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

အယ်လ်ကလက်စီကိုနိုင်ပွဲရယူရန် ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားမဲ့ အရေးပါတဲ့ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အမ်ဘာပေက စပိန်မြို့တော်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ ကြိုးစားနေပါတယ်။ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဟန်စီဖလစ်ခ်ရဲ့ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာအသင်းကို ၄ ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံးကို ဘာစီလိုနာအသင်းက ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမယ်လ်ကို ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ပြိုင်ဘက် ယာမယ်လ်ကို မီဒီယာဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပြိုင်ဘက် ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်အတွက် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်