admin

ဟာရီ ကိန်း ကမ္ဘာ့ဖလား ရွိုင်ကိန်း

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးချင်ရင် ဟာရီ ကိန်း အနေနဲ့ ကွင်းလယ်ဆင်းပြီး ကစားတာကို လျှော့ရမယ်လို့ ရွိုင်ကိန်း သတိပေး

အကယ်၍ အင်္ဂလန်အသင်း အနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးချင်တယ်ဆိုရင် တိုက်စစ်မှူး ဟာရီ ကိန်း အနေနဲ့ ကွင်းလယ်အထိဆင်းပြီး ကစားကွက်ဖန်တီးပေးချင်တဲ့ စိတ်ကို ထိန်းချုပ်ရမှာဖြစ်ပြီး ပြိုင်ဘက် ဂိုးဧရိယာအနီး တိုက်စစ်ဇုန်ထဲမှာပဲ အမြဲရှိနေသင့်တယ်လို့ ရွိုင်ကိန်း က ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်ဒို

နောက်ဆုံးကခုန်ခြင်း – ၂၀၂၆ ကမ္ဘာ့ဖလားမှာ နောက်ဆုံးအကြိမ် ဆုံတွေ့ကြဦးမဲ့ လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်ဒို

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အရင်ပြိုင်ပွဲတွေနဲ့မတူဘဲ သမိုင်းဝင်ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာပါ။ ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၄၈ အသင်းအထိ တိုးမြှင့်ကျင်းပမှာဖြစ်ပြီး အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံသုံးနိုင်ငံမှာ ခွဲဝေကျင်းပမှာဖြစ်လို့ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံးသော ပွဲတော်ကြီးတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

အပြည့်အစုံဖတ်ရန်
သောမတ်စ် တူချယ် စည်းမျဉ်းအသစ်များ

စည်းမျဉ်းအသစ်တွေကြောင့် ဒိုင်လူကြီးတွေအတွက် စိုးရိမ်မိတယ်လို့ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ် ပြောကြား

အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် သောမတ်စ် တူချယ် ဟာ လာမဲ့စနေနေ့ တန်ပါမြို့မှာ ကစားမဲ့ နယူးဇီလန် အသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာတီးယပ်စ် ဖာနန်ဒက်စ် အတွက် ဝက်စ်ဟမ်း အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အထိ တောင်းဆို

ဖာနန်ဒက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အထိ ဝက်စ်ဟမ်း တောင်းဆိုမည်ဖြစ်ပြီး မန်ယူ ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေ

‘ ဖာနန်ဒက်စ် အတွက် ပေါင်သန်း ၈၀ ဝက်စ်ဟမ်း တောင်းဆိုမည်’။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ် အတွက် ဝက်စ်ဟမ်း အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈၀ မီလီယံ (ပေါင်သန်း ၈၀) အထိ တောင်းဆိုဖို့ ပြင်ဆင်နေကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာဂယ်ဟေးစ် ဂျာစီရောင်းအား

ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ ဝန်းရံမှုကြောင့် မာဂယ်ဟေးစ် ရဲ့ ဂျာစီရောင်းအား ၃၅၀ ရာခိုင်နှုန်းအထိ ထိုးတက်လာ

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးစ် ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ပီအက်စ်ဂျီ အသင်းနဲ့ပွဲမှာ အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဂျာစီရောင်းအားဟာ ၃၅၀ ရာခိုင်နှုန်းအထိ သိသိသာသာ ထိုးတက်လာခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်စရာကောင်းခဲ့ပေမဲ့ ဂန်းနားပရိသတ်တွေကတော့ ဒီဗဟိုနောက်ခံလူဘက်ကနေ ရပ်တည်ပေးခဲ့ကြပြီး သူ့ရဲ့အမည်ပါတဲ့ ပုံတူဂျာစီအင်္ကျီတွေကို အဝယ်ဆုံးစာရင်းထဲ ထည့်သွင်းလာကြတာပါ။

အပြည့်အစုံဖတ်ရန်
ဂါနာချို ချဲလ်ဆီး အပြောင်းအရွှေ့

ချဲလ်ဆီးတွင် ရုန်းကန်နေရသည့် ဂါနာချို ကို အီတလီထိပ်သီးကလပ်များ ခေါ်ယူရန် ချိန်ရွယ်နေ

မန်ချက်စတာယူနိုက်တက် အသင်းကနေ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ကြေးအများအပြားနဲ့ ရောက်ရှိလာခဲ့ပြီး တစ်နှစ်အကြာမှာတင် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဂါနာချို ဟာ လန်ဒန်ကလပ်ကနေ အမြန်ဆုံးပြန်လည်ထွက်ခွာရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အပြည့်အစုံဖတ်ရန်
ခရစ္စတယ် ပဲလေ့စ် နည်းပြသစ်နေရာအတွက် ဖရန့် လမ်းပတ် ကို စဉ်းစားနေ

ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ နည်းပြသစ် ရှာဖွေမှုမှာ ဖရန့် လမ်းပတ် ရေပန်းစားနေ

ခရစ္စတယ် ပဲလေ့စ် အသင်းက နည်းပြ ဖြစ်သူ အိုလီဗာ ဂလက်စ်နာ အသင်းကနေ ထွက်ခွာသွားပြီးနောက်မှာတော့ နည်းပြသစ်တစ်ဦးကို ဆက်လက်ရှာဖွေနေပြီး လျာထားတဲ့ လောင်းရိပ်စာရင်းထဲမှာ ဖရန့် လမ်းပတ် လည်း ပါဝင်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း အာတီတာ ဝန်ခံ

ရှုံးနိမ့်မှုဒဏ်ရာကြောင့် နာကျင်ရပေမဲ့ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာ ဝန်ခံ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုရှင် ပီအက်စ်ဂျီ အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က ဝန်ခံပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
မီခေးလ် အာတီတာ စာချုပ်သစ်

မီခေးလ် အာတီတာ ကို စာချုပ်သစ်ချုပ်ဆိုဖို့က အရေးကြီးဆုံး ဦးစားပေးလို့ အာဆင်နယ် ပူးတွဲပိုင်ရှင် ပြောကြား

အာဆင်နယ် အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ ဂျော့ရှ် ခရွန်ကေး က နည်းပြ မီခေးလ် အာတီတာ ကို စာချုပ်သက်တမ်းတိုးဖို့က အသင်းအတွက် “အရေးကြီးဆုံး ဦးစားပေး” ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ခရစ္စတယ်ပဲလေ့စ် ဥရောပဖလား နိုင်ပွဲ

ဆုဖလားမရတာ နှစ်ပေါင်း ၁၂၀ ရှိခဲ့ပြီးနောက် အခုတော့ ဆုဖလား ၃ လုံးအထိ ပိုင်ဆိုင်သွားခဲ့ပြီ

လိုက်ပ်ဇစ် ကွင်းအတွင်း ပွဲပြီးခါနီး ဝီစီမှုတ်ချိန်မှာ BBC Radio 5 Live ရဲ့ အားကစားဝေဖန်သူ အလစ္စတဲရ် ဘရုစ်-ဘောလ် က အခုလို ပြောသွားခဲ့ပါတယ် – “ဒိုင်လူကြီးရဲ့ နှုတ်ခမ်းဖျားမှာ ဝီစီတပ်ထားတာကို ကျွန်တော် မြင်နေရပြီ… သူတို့ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

အပြည့်အစုံဖတ်ရန်